သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂနစ္စတန် သမ္မတသစ် ကျမ်းသစ္စာဆို


အာဖဂန်နစ္စတန်သမ္မတသစ် Ashraf Ghani (ယာ) နဲ့ အမှုဆောင်အရာရှိချုပ်သစ်Abdullah Abdullah တို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)
အာဖဂန်နစ္စတန်သမ္မတသစ် Ashraf Ghani (ယာ) နဲ့ အမှုဆောင်အရာရှိချုပ်သစ်Abdullah Abdullah တို့ ကျမ်းသစ္စာကျိန်ဆိုနေစဉ်။ (စက်တင်ဘာ ၂၉၊ ၂၀၁၄)

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်တပ်ဖွဲ့တွေ တာလီဘန်တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ၂၀၀၁ ခုနှစ်က စလို့ ပထမဦးဆုံး ခေါင်းဆောင်အဖြစ်နဲ့ သမ္မတ Ashraf Ghani - ဒီကနေ့ပဲ ကျမ်းသစ္စာကျိန်ဆိုပါတယ်။

လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားတဲ့ ကာဗူးမြို့တော်က သမ္မတနန်းတော်မှာကျင်းပတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကိုတော့ အာဖဂန်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ဘာသာရေးခေါင်းဆောင်တွေသာမက နိုင်ငံတကာ ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြတာပါ။ အခမ်းအနားမှာတော့ တာလီဘန်စစ်သွေးကြွတွေကို တိုက်ထုတ်ခဲ့ပြီးတဲ့နောက်ပိုင်း အာဖဂန်နစ္စတန်ခေါင်းဆောင်အဖြစ်နဲ့ တာဝန်ယူထားခဲ့တဲ့ သမ္မတဟာမစ်ခါဇိုင်းက သမ္မတသစ်ကို တရားဝင် တာဝန်လွဲှပြောင်းပေးခဲ့ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်ခဲ့ပြီး ရွေးကောက်ပွဲနောက်ပိုင်း လနဲ့ချီ နိုင်ငံရေးအကြပ်အတည်းတွေ ကြုံခဲ့ရပြီးတဲ့နောက်မှာ အာဏာခွဲဝေရေးအစီအစဉ်အရ အစိုးရအဖွဲ့ရဲ့ အမှုဆောင် အရာရှိချုပ်ဖြစ်လာခဲ့တဲ့ အဘ္ဘဒူလာ၊ အဘ္ဘဒူလာလည်း ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ခဲ့ပါတယ်။

စစ်ဒဏ် အလူးအလဲခံခဲ့ရတဲ့ အာဖဂန်နိုင်ငံမှာ ဒီမိုကရေစီနည်းကျ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွဲှပြောင်းနိုင်တာဟာ ဒါဟာ ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ အာဏာလွဲှပြောင်းတဲ့အစီအစဉ် ချောချောမောမော ဖြစ်ခဲ့ပေမယ့်လည်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတွေကျင်းပတဲ့ ကာဗူးလ်မြို့တော်က လေဆိပ်အနားမှာတော့ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ပါတယ်။

XS
SM
MD
LG