သုံးရလွယ်ကူစေသည့် Link များ

စစ်သွေးကြွတွေလက်ချက်နဲ့ ပါကစ္စတန် ၃၀ ကျော်သေဆုံး


စစ်သွေးကြွတွေလက်ချက်နဲ့ ပါကစ္စတန် ၃၀ ကျော်သေဆုံး
စစ်သွေးကြွတွေလက်ချက်နဲ့ ပါကစ္စတန် ၃၀ ကျော်သေဆုံး

အာဖဂန်နစ္စတန်နိုင်ငံနယ်စပ်က ပါကစ္စတန်စစ်ဆေးရေးဂိတ် တော်တော်များများကို ရာနဲ့ချီတဲ့ အာဖဂန်ဘက်က စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့ကြလို့ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၆ ဦး သေဆုံးခဲ့တယ်လို့ ပါကစ္စတန်အရာရှိတွေက ပြောပါတယ်။ နယ်စပ် ရဲ ၁၀ ဦးနဲ့ ပြည်သူ့စစ်၂၆ ဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။

ဒီကနေ့ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုအတွင်း စစ်သွေးကြွတွေဘက်က ၉ ဦးသေဆုံးတယ်လို့လည်း အရာရှိတွေက ပြောပါတယ်။ ပါကစ္စတန်အနောက်မြောက်ပိုင်း အာဖဂန်နယ်စပ်နားက ရွာ တရွာမှာတိုက်ခိုက်မှု စတင်ခဲ့တာဖြစ်ပြီး နယ်စပ်တဝိုက် နေရာတော်တော်များများကို စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့တာလို့ ပါကစ္စတန်အာဏာပိုင်တွေက ဆိုပါတယ်။

အခုလပိုင်းတွေအတွင်းမှာပဲ နယ်စပ်ဖြတ်ကျော် စီးနင်းတိုက်ခိုက်မှုတွေကြောင့် ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံအကြား တင်းမာမှုတွေက မြင့်တက်နေတာပါ။ အယ်လ်ခိုင်းဒါးခေါင်းဆောင် အိုစမာ ဘင်လာဒင်ကို ပါကစ္စတန်နိုင်ငံထဲမှာ အမေရိကန်အထူးတပ်ဖွဲ့တွေက မေလမှာ သုတ်သင်ခဲ့ပြီးတဲ့နောက်ပိုင်း စစ်သွေးကြွတွေကို ထိထိရောက်ရောက်နှိမ်နင်းဖို့ အမေရိကန်က ပါကစ္စတန်ကို ဖိအားတွေပေးနေတာပါ။

XS
SM
MD
LG