လုံခြုံရေးအထူအထပ်ချထားတဲ့ကြားက Afghanistan သမ္မတသစ်ရွေးချယ်ရမဲ့ ရွေးကောက်ပွဲအတွက် အာဖဂန်ပြည်သူအများအပြား ဒီကနေ့ မဲပေးနေကြပါတယ်။
ရာထူးကနေ ဆင်းပေးရတော့မဲ့ သမ္မတ Hamid Karzai ကလည်း မနက်အစောပိုင်းမှာပဲ မဲပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ခေါင်းဆောင်ကို ကိုယ်တိုင် ရွေးချယ်နိုင်ကြဖို့ ပြည်သူတွေကို မဲပေးကြရေး သူက ခုလိုတိုက်တွန်းသွားပါတယ်။ လုံခြုံရေးအရ ခြိမ်းခြောက်မှုတွေရှိနေတယ်၊ ရာသီဥတုချမ်းအေးပြီး မိုးတွေရွာနေပေမယ့် သမ္မတလောင်းတွေထဲက ကိုယ်ကြိုက်ရာကို
ရွေးချယ်နိုင်ကြဖို့ မဲလာထည့်ကြဖို့ ပြည်သူတွေကို တိုက်တွန်းပါတယ်လို့ သမ္မတကာဇိုင်းက သူမဲထည့်အပြီး မဲရုံမှာ Dari ဘာသာနဲ့ ပြောသွားတာ ဖြစ်ပါတယ်။ သမ္မတခါဇိုင်းကတော့ သမ္မတတာဝန်ကို ၁၂ နှစ် ကြာ ထမ်းဆောင်ခဲ့ပြီးဖြစ်လို့ ဖွဲ့စည်းပုံဥပဒေအရ နောက်ထပ်
သမ္မတအရွေးခံခွင့် မရှိတော့ပါဘူး။
ခြိမ်းခြောက် နှောင့်ယှက်မှုတွေရှိနေတဲ့ကြားက အများအပြားမဲလာပေးကြတဲ့အပေါ် ကုလသမဂ္ဂရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ အထူးကိုယ်စားလှယ် Jan Kubis ကချီးကျူးခဲ့ပါတယ်။
နိုင်ငံတဝန်းမဲလာပေးကြသူတွေဟာ အံ့အားသင့်စရာကောင်းအောင်များတယ်လို့ သီးခြားလွတ်လပ်တဲ့ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲကလည်း ပြောပါတယ်။
မဲလာပေးသူတွေများလွန်းတာကြောင့် မဲရုံတချို့မှာ မဲပြားတွေ မလောက်ဖြစ်ခဲ့တယ်လို့ အာဖဂန်နစ္စကလာတဲ့ သတင်းတွေက ပြောပါတယ်။ ဒီကနေ့
ရွေးကောက်ပွဲရလဒ်တွေကို နောက် သတင်းပတ်တွေအကြာမှ သိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
သမ္မတလောင်းဝင်အရွေးခံသူ ၈ ယောက်မှာ တယောက်မှ မဲ ၅၀% ကျော်မရရင်တော့ ဒုတိယအကြော့မဲပေးပွဲတွေကို လုပ်ရမှာဖြစ်ပါတယ်။ ဒီကနေ့
နိုင်ငံတဝန်းကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲတွေကို ပျက်အောင်လုပ်မယ်လို့ တာလီဘန်တွေ ခြိမ်းခြောက်ထားတဲ့အတွက် လုံခြုံရေးကိုတော့
တော်တော်လေးတင်းကြပ်ထားပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်တလျှောက် အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိခဲ့တာမှာ သောကြာနေ့ကပဲ ဂျာမန်ဓါတ်ပုံ သတင်းထောက်တယောက် ပစ်သတ်ခံခဲ့ရပြီး ကနေဒါက ဝါရင့်သတင်းထောက်တယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မဲပေးကြတဲ့နေ့မှာတော့ အကြမ်းဖက်မှုတွေ မရှိသလောက် နည်းပါတယ်။
မဲဆန္ဒရှင် ၁၂ သန်းကို ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတဝန်း အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင် သိန်းနဲ့ချီကို ဖြန့်ချထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံကလည်း အာဖဂန်နစ္စတန်မှာ ရွေးကောက်ပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် အာဖဂန် နဲ့နယ်စပ်ဂိတ်တွေအားလုံးကို ပိတ်ထားလိုက်ပြီး တပ်တွေတိုးချထားတယ်လို့ ပြောပါတယ်ရှင်။
အာဖဂန်နစ္စတန်ရွေးကောက်ပွဲ ဓာတ်ပုံမှတ်တမ်းများ။
http://www.voanews.com/media/photogallery/afghanistan-chooses-a-new-leader-/1886979.html