သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုအာရ်မီးရှို့မှု အာဖဂန်သူပုန်လက်စားချေ


ကိုအာရ်မီးရှို့မှု အာဖဂန်သူပုန်လက်စားချေ
ကိုအာရ်မီးရှို့မှု အာဖဂန်သူပုန်လက်စားချေ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ မကြာသေးခင်က ခရစ်ယာန်တရားဟောဆရာ တဦးက အစ္စလာမ်ဘာသာဝင်တွေရဲ့ အထွဋ်အမြတ်ထားရာ ကိုအာရ်ကျမ်းကို မီးရှို့ဖျက်ဆီးခဲ့တာကို အသေခံဆန္ဒပြတဲ့ အနေနဲ့ ဒီကနေ့မနက် အာဖဂန်နစ္စတန်မှာ အသေခံဗုံးခွဲသမား ၃ ဦးက ကဘူးမြို့တော်က မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ နေတိုးတပ်ဖွဲ့ဝင်တွေရဲ့ စစ်စခန်းတခုဖြစ်တဲ့ Camp Phoenix မှာ ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီအကြမ်းဖက်သမားတွေဟာ အမျိုးသမီးတွေလို ဝတ်ဆင်ပြီး အသေခံဗုံးခွဲခဲ့တာမှာ အကြမ်းဖက်သမား ၂ ဦး သေဆုံးသွားခဲ့ပြီးတော့ နေတိုးတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာအနည်းငယ် ရသွားတယ်လို့ နေတိုးအဖွဲ့က ပြောပါတယ်။

လောလောဆယ်မှာလည်း တောင်ပိုင်းက ကန်ဒဟာပြည်နယ်မှာ အမေရိကန်ပြည်ထောင်စုမှာ ကိုအာရ်ကျမ်းစာ မီးရှို့မှုကို ဆန္ဒပြတဲ့ပွဲမှာ အဓိကရုဏ်းတွေ ဖြစ်ခဲ့တာကြောင့် ၅ ဦးသေဆုံးသွားပြီး ၄၆ ဦး ဒဏ်ရာတွေ ရရှိသွား ခဲ့ပါတယ်။

မနေ့က သောကြာနေ့မှာ အာဖဂန်နစ္စတန်မြောက်ပိုင်း Balkh ပြည်နယ်က Mazar-e-Sharif မြို့ ကုလသမဂ္ဂရဲ့ ရုံးဝန်းတွင်းကို အခုလို ကိုအာရ်ကျမ်းကို မီးရှို့မှုကြောင့် မကျေနပ်တဲ့ဆန္ဒပြသူတွေက ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့တာကြောင့် ဆွီဒင်၊ နော်ဝေ၊ ရိုမေးနီးယား နိုင်ငံသား ၃ ဦးနဲ့ နီပေါနိုင်ငံသား ၄ ဦးပါဝင်တဲ့ ကုလသမဂ္ဂ ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG