သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန် ရွေးကောက်ပွဲ တာလီဘန်တွေ ခြိမ်းခြောက်

လာမယ့် စနေနေ့ကျရင် ကျင်းပမယ့် အာဖဂန်နစ္စတန် လွှတ်တော် ရွေးကောက်ပွဲတွေကို အာဖဂန် လုံခြုံရေး တပ်ဖွဲ့တွေက တာဝန်ယူ စောင့်ရှောက်သွားနိုင်စွမ်း ရှိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က ပင်တဂွန် စစ်ဌာနချုပ်မှာ စက်တင်ဘာလ ၁၆ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။

လုံခြုံရေး အခြေအနေတွေကြောင့် မဲရုံပေါင်း ၆,၀၀၀ ကျော် အနက်က ၁၅% လောက်ကိုတော့ ဖွင့်လှစ်နိုင်မှာ မဟုတ်ဘူးလို့ ရွေးကောက်ပွဲ တာဝန်ရှိသူတွေက ပြောဆိုထားတာပါ။

အာဖဂန် အောက်လွှတ်တော်ထဲက အမတ် ၂၄၉ နေရာအတွက် ကိုယ်စားလှယ်ပေါင်း ၂,၅၀၀ လောက်က ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

အာဖဂန်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ စနေနေ့ ရွေးကောက်ပွဲတွေဟာ ပြီးပြည့်စုံတဲ့ အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ပေမဲ့ မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကြုံခဲ့ရတဲ့ သမ္မတ ရွေးကောက်ပွဲထက်တော့ တိုးတက်မှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

This item is part of
XS
SM
MD
LG