သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုပ်ပြိုင်ပွဲဝင် အာဖဂန်အမျိုးသမီးအသင်း ပြည်ဝင်ခွင့်ရ


နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ ဝင်ပြိုင်မည့် အာဖဂန်အမျိုးသမီးအသင်း။
နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ ဝင်ပြိုင်မည့် အာဖဂန်အမျိုးသမီးအသင်း။

ဝါရှင်တန်ဒီစီမြို့တော်မှာလုပ်မယ့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲမှာ ဝင်ပြိုင်မယ့် အာဖဂန်နစ္စတန်က မိန်းကလေးတွေချည်းပါတဲ့ အသင်းဟာ အမေရိကန်ပြည်ထောင်စုကို ရောက်လာပါပြီ။ သူတို့ကိုဝင်ခွင့်ပြုဖို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကိုယ်တိုင် ခွင့်ပြုချက် ပေးပြီးတဲ့နောက် အခုလိုရောက်လာကြတာပါ။

ကာဘူးလ်မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးက မိန်းကလေးတွေရဲ့ ဗီဇာကို ဘာအကြောင်းကြောင့်မှန်းမသိရဘဲ ဒီလအစောပိုင်းက ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ parole လို့သိထားကြတဲ့ ကင်းလွတ်ခွင့်တရပ်ကို သမ္မတထရမ့်ပ်က ပေးခဲ့တယ်လို့ ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက် Steve Herman က ဗုဒ္ဓဟူးနေ့မှာ သတင်းပို့ခဲ့ ပါတယ်။ ဒီခွင့်ပြုချက်အရ အာဖဂန် မိန်းကလေးအသင်းဟာ ဝါရှင်တန်ကို ရက် ၂၀ ကြာ လာခွင့်ရသွားတာပါ။

နှစ်စဉ်ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ဒီနှစ်တော့ နိုင်ငံပေါင်း ၁၅၇ နိုင်ငံနဲ့ ကမ္ဘာ့တိုက်ကြီး ၆ ခုကို ကိုယ်စားပြုတဲ့ အသင်းပေါင်း ၁၆၂ သင်း ပါဝင်ယှဉ်ပြိုင်ဖို့ရှိပြီး မြန်မာနိုင်ငံက လူငယ် ၉ ဦးပါ အသင်းလဲ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် သောကြာနေ့ကတည်းက ဝါရှင်တန်ဒီစီမှာ ရောက်နေကြပါပြီ။ အခုဆိုရင် မြန်မာလူငယ်အသင်းဟာ သူူတို့တည်ဆောက်ထားတဲ့ စက်ရုပ်နဲ့ ပြိုင်ပွဲဝင်ဖို့အတွက် ပြိုင်ပွဲကျင်းပ မယ့် ဝါရှင်တန်ဒီစီက DAR Constitutional Hall မှာ ပြင်ဆင်နေကြပါပြီ။

ပြိုင်ပွဲဝင်ရန် ပြင်ဆငေ်နသည့် မြန်မာအသင်း။ (ဓာတ်ပုံ - First Global Team Myanmar Facebook)
ပြိုင်ပွဲဝင်ရန် ပြင်ဆငေ်နသည့် မြန်မာအသင်း။ (ဓာတ်ပုံ - First Global Team Myanmar Facebook)

ပြိုင်ပွဲဝင်မြန်မာအသင်းကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID က ပံ့ပိုး ကူညီတာပါ။

ပြိုင်ပွဲဝင်ရန် ပြင်ဆငေ်နသည့် မြန်မာအသင်း။ (ဓာတ်ပုံ - First Global Team Myanmar Facebook)
ပြိုင်ပွဲဝင်ရန် ပြင်ဆငေ်နသည့် မြန်မာအသင်း။ (ဓာတ်ပုံ - First Global Team Myanmar Facebook)

ပြိုင်ပွဲဖွင့်ပွဲကို ဒီကနေ့ တနင်္ဂနွေနေ့၊ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲမှာ လုပ်မှာဖြစ်ပြီး ဇူလိုင် ၁၇ ရက်၊ တနင်္လာနေ့မှာ ပြိုင်ပွဲစဉ် ၁ ကနေ ၃၊ အင်္ဂါနေ့မှာ ပြိုင်ပွဲစဉ် ၄ ကနေ ၆ အထိကျင်းပပြီးတဲ့နောက် အင်္ဂါနေ့ညနေပိုင်းမှာ ပိတ်ပွဲနဲ့ ဆုပေးပွဲအခမ်းအနားကို ကျင်းပ မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG