သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်မှာ IS ဦးရေတိုးလာမှု ရုရှားသတိပေး


ဖမ်းဆီးထားသူများကို အဆုံးစီရင်ဖို့ လုပ်နေသည့် IS တပ်ဖွဲ့ဝင်များ
ဖမ်းဆီးထားသူများကို အဆုံးစီရင်ဖို့ လုပ်နေသည့် IS တပ်ဖွဲ့ဝင်များ

အာဖဂန်နစ္စတန်နိုင်ငံမှာ IS စစ်သွေးကြွ ၁ သောင်းလောက်ရှိတယ်လို့ ရုရှားက ခန့်မှန်းထားပြီး ဒီအရေအတွက်ဟာ တိုးလာနေတယ်လို့ ဆိုပါတယ်။ အဲဒီအကြမ်းဖက်သမားတွေဟာ ဆီးရီးယားနဲ့ အီရတ်က တိုက်ပွဲတွေမှာ အရေးနိမ့်လာပြီးနောက် အဲဒီနိုင်ငံတွေက ထွက်ပြေးလာကြတာပါ။

အာဖဂန်ဆိုင်ရာ ရုရှား အထူးသံအမတ် Zamir Kabulov က တာဂျီကစ္စတန်၊ တာ့က်မန်နစ္စတန်နိုင်ငံတွေနဲ့ ထိစပ်နေတဲ့ အာဖဂန်နစ္စတန်မြောက်ပိုင်း ပြည်နယ်တွေမှာ IS စစ်သွေးကြွတွေ ပိုပြီး ခိုအောင်းလာနေတာနဲ့ ပတ်သက်လို့ စိုးရိမ်တယ်လို့ ပြောကြားကြောင်း ရုရှားသတင်းမီဒီယာတွေက ကိုးကား ဖေါ်ပြပါတယ်။

ဒါ့အပြင် တိုက်ခိုက်ရေးသမားတွေနဲ့ အနောက်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းတွေကို ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်နေကြောင်းလည်း စွပ်စွဲပြောဆိုပေမယ့် ဘယ်သူဘယ်ဝါဆိုတာကိုတေ့ာ ပြောမသွားပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကုလသမဂ္ဂကိုရော NATO အဖွဲ့ကိုပါ အကြိမ်ကြိမ် အကြောင်း ကြားထားပေမယ့် ဘယ်လို တုံ့ပြန်ချက်မှ မကြားရဘူးလို့လည်း Kabulov က ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ NATO တပ်ဖွဲ့ အရာရှိတွေကတော့ ရုရှားဟာ တာလီဘန်တွေကို ထောက်ပံ့ကူညီပေးနေတယ်ဆိုပြီး စွပ်စွဲပြောဆိုပါတယ်။

အာဖဂန်အရာရှိတွေကလည်း IS တွေ ခြေကုပ်ယူနေပြီဆိုတဲ့သတင်းဟာ အကြမ်းဖက်အဖွဲ့က ဖြန့်ချီနေတဲ့ မမှန်သတင်းတွေလို့ဆိုပါတယ်။အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ Dawlat Waziri က အမေရိကန်တွေရဲ့ ၉ လတာ လေကြောင်း တိုက်ခိုက်မှုအတွင်း IS အစွန်းရောက်အဖွဲ့ဝင် ၁၆၀၀ လောက် သေဆုံးခဲ့ပြီး အဲဒီထဲမှာ ခေါင်းဆောင်တချို့လည်း ပါတယ်လို့ အခုသီတင်းပတ်အစောပိုင်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် အစောပိုင်းကစလို့ အာဖဂန်နစ္စတန်မှာ IS တွေဟာ စစ်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ပြီး အများဆုံးအချိန်မှာ အင်အား ၃၀၀၀ လောက်သာ ရှိတယ်လို့ အမေရိကန်စစ်ဖက်က ခန့်မှန်းထားပါတယ်။

အာဖဂန်မှာ IS ဦးရေတိုးလာမှု ရုရှားသတိပေး
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG