သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အစိုးရနဲ့တာလီဘန် အစ်ပွဲတော်အပစ်ရပ်ချိန် IS တွေဗုံးခွဲတိုက်ခိုက်


အာဖဂန်နိုင်ငံအတါင်း အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုမြင်ကွင်း။
အာဖဂန်နိုင်ငံအတါင်း အသေခံဗုံးခွဲတိုက်ခိုက်ခံရမှုမြင်ကွင်း။

အာဖဂန်နစ္စတန်အရှေ့ပိုင်းမှာ မူဆလင်တွေရဲ့ Eid al-Fitr ပွဲတော်ဆင်နွှဲနေကြတဲ့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ တာလီဘန်တွေ၊ အရပ်သားတွေကြား ဝင်ရောက်ပြီး အသေခံဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးသွားပါတယ်။

ယာယီအပစ်ရပ်ထားချိန်မှာ အခုလို ဗုံးခွဲတိုက်ခိုက်တာဖြစ်ပြီး IS အစွန်းရောက်တွေက သူတို့ရဲ့ လက်ချက်လို့ ပြောထားပါတယ်။ ဒါ့အပြင် Nangarhar ပြည်နယ်မြို့တော် Jalabalad ဆင်ခြေဖုံးမှာ ဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ၃၀ ထက်မနည်း သေဆုံးသွားတယ်လို့လည်း အစိုးရပြောခွင့်ရ Attaullah Khogyani က VOA ကို ပြောပါတယ်။ အသေခံကားဗုံးခွဲတိုက်ခိုက်တာလို့ပြည်နယ်ကောင်စီ ဒုတိယအကြီးအကဲက VOA ကိုပြောပါတယ်။

Nangarhar ဒေသမှာ IS အစွန်းရောက်တွေဟာ ခြေကုပ်ယူထားပြီး အဲဒီကနေ အကြမ်းဖက်တိုက်ခိုက်နေကြတာပါ။

နှစ်ဖက်သဘောတူ အပစ်ရပ်ဖို့ သဘောတူညီပြီးတဲ့နောက် ဒီအခြေအနေကို ကိုယ်စီ ဆက်ထိန်းသိမ်းထားတဲ့အပေါ် အာဖဂန်သမ္မတ Ashraf Ghani က ရုပ်မြင်သံကြားကနေချီးကျူးပြောဆိုချိန်မှာပဲ စနေနေ့က အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွါးတာပါ။ အမေရိကန်နိုင်ငံခြားရေးဌာနကတော့ သမ္မတ Ghani ရဲ့ ကြေညာချက်အတိုင်း သူတို့အနေနဲ့ အတူရပ်တည်ကြောင်း ပြောပါတယ်။ ဆက်လက်အပစ်ရပ်ပြီး ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ သမ္မတ Ghani ရဲ့ ကမ်းလှမ်းချက်ကို ထောက်ခံပါကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က စနေနေ့က ကြေညာချက်ထုတ် ပြောဆိုပါတယ်။

အာဖဂန်အစိုးရနဲ့တာလီဘန် အစ်ပွဲတော်အပစ်ရပ်ချိန် IS တွေဗုံးခွဲတိုက်ခိုက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG