သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ရှိ အမေရိကန် အကူအညီပေးရေးရုံး တိုက်ခိုက်ခံရ

အာဖဂန်မြောက်ပိုင်းမှာရှိတဲ့ USAID အမေရိကန်ပြည်ထောင်စု နိုင်ငံတကာကူညီရေးအစီအစဉ်နဲ့ ဆက်စပ်နေတဲ့ ရုံးဝင်းတခုကို မနေ့က သောကြာနေ့အစောပိုင်းမှာ တာလီဘန်တွေက အသေခံဗုံးခွဲတိုက်ခိုက်တာကြောင့် လူ ငါးဦး သေဆုံးပြီး အနည်းဆုံး ၂၄ ဦးဒဏ်ရာရခဲ့ပါတယ်။

Kunduz မြို့မှာရှိတဲ့ ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲရုံးကို တိုက်ခိုက်မယ့် လူငါးဦး အထဲဝင်နိုင်အောင် အသေခံ ဗုံးခွဲတိုက်ခိုက် သူတဦးက အဲဒီတံခါးဂိတ်ကို ကားနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးတဲ့အထဲမှာ အာဖဂန်လူမျိုး နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ဂျာမဏီ ဗြိတိန်နဲ့ ဖိလစ်ပိုင်နိုင်ငံသား နိုင်ငံခြား သားဝန်ထမ်းတွေဖြစ်ကြပါတယ်။

ဝင်းဂိတ်ကို ကားနဲ့ ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီမှာ အာဖဂန်လုံခြုံရေးတပ်တွေနဲ့ ငါးနာရီကျော် အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်သူအားလုံး သေဆုံးခဲ့ပါတယ်။ တာလီဘန်တို့ကတော့ ဒီတိုက်ခိုက်မှုကို သူတို့လုပ်တာလို့ပြောပါတယ်။

အာဖဂနစ္စတန်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ဝင် ၁၄၀,၀၀၀ လောက်နဲ့ တခြားနေတိုးတပ်ဖွဲ့ဝင်တွေကို ကြီးကြပ်မယ့် အာဖဂန်စစ်ဒေသအကြီးအကဲ ဗိုလ်ချုပ်ကြီးပက်ထရေးးယပ်စ် (Petraeus) ကဘူးမြို့ကို ရောက်ရှိလာချိန်မှာပဲ တာလီဘန်bက်က အခုလို တိုက်ခိုက်မှုဖြစ်ခဲ့တာပါ။

ဗိုလ်ချုပ်ကြီး ပက်ထရေးယပ်စ်ကတော့ အာဖဂန်နစ္စတန်ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Karl Eikenberry၊ အာဖဂန်နစ္စတန်ဆိုင်ရာ နေတိုးအဖွဲ့ အကြီးတန်းတာဝန်ရှိသူ Mark Sedwill တို့နဲ့အတူ ရောက်သွားတာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG