သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်အစိုးရ တာဝန်ရှိသူ ၂ ဦး သတ်ဖြတ်ခံရ

အာဖဂန်အစိုးရ တာဝန်ရှိသူ ၂ ဦး သတ်ဖြတ်ခံရ
အာဖဂန်အစိုးရ တာဝန်ရှိသူ ၂ ဦး သတ်ဖြတ်ခံရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ် (Kabul) မြို့တော်တွင်း တိုက်ခိုက်ခံရမှု တခုမှာ သမ္မတ ဟာမစ် ခါဇိုင်း (Hamid Karzai) ရဲ့ ထိပ်တန်း အကြံပေး တယောက်နဲ့ လွှတ်တော်အမတ်တယောက် သေဆုံးသွားတယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

တောင်ပိုင်း အူရူဇ်ဂန် (Uruzgan) ပြည်နယ်က အုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်၊ သမ္မတရဲ့ အနီးကပ် အကြံပေးလည်းဖြစ်တဲ့ ဂျန် မိုဟာမက် ခန်း (Jan Mohammad Khan) နဲ့ အူရူဇ်ဂန်ပြည်နယ် လွှတ်တော်အမတ် အရှင်မ် ဝါတန်ဝါလ် (Ashim Watanwal) တို့ သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ အသေခံ ဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ လူ ၂ ယောက်က ကဘူးလ်မြို့က မစ္စတာခန်းရဲ့ နေအိမ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ မစ္စတာခန်းက အမေရိကန်တွေကို ကူညီနေတဲ့အတွက် သူတု့ိ တိုက်ခိုက်တာလို့ တာလီဘန် ပြောခွင့်ရသူက ဆိုပါတယ်။

တောင်ပိုင်းမှာရှိတဲ့ ကန်ဒါဟာ (Kandahar) ပြည်နယ်မှာ မစ္စတာ ခါဇိုင်းရဲ့ညီ အာမက် ဝါလီ ခါဇိုင်း (Ahmad Wali Karzai) လုပ်ကြံသတ်ဖြတ်ခံရပြီး သီတင်းတပတ် မပြည့်ခင်မှာပဲ အခုလို တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG