သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရဲ့ အာဖဂန်ဗျူဟာ အလုပ်ဖြစ်ဟု ကာကွယ်ရေးဝန်ကြီးဂိတ်စ် ယုံကြည်


အာဖဂန်နိုင်ငံအတွင်း အမေရိကန်ရဲ့ မဟာဗျူဟာဟာ အလုပ်ဖြစ်နေတာကြောင့် အားတတ်မိတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ်က ပြောပါတယ်။ ဒါပေမဲ့လဲ လာမယ့် ရက်တွေအတွင်းမှာ ပြင်းထန်ခက်ခဲတဲ့ တိုက်ပွဲတွေ အတော်များများ ရှိလာလိမ့်မယ်လို့ သတိပေးပြောပါတယ်။

တာလီဘန်သူပုန်တွေ အဓိက ခြေကုပ်နယ်မြေဖြစ်တဲ့ တောင်ပိုင်း ကန်ဒါဟာ ပြည်နယ်အတွင်းက စစ်စခန်းနှစ်ခုမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ စည်းဝေးအပြီး မစ္စတာဂိတ်စ် က သတင်းထောက်တွေကို အခုလို ပြောလိုက်တာပါ။ အာဖဂန်နိုင်ငံ စစ်ဆင်ရေးအတွက် အမေရိကန်စစ်အင်အား ထပ်တိုးရာမှာ နောက်ဆုံး အသုတ်ဖြစ်တဲ့ အမေရိကန် တပ်သား ၃ သောင်းဟာ အခုလအတွင်း တောင်ပိုင်း ကန်ဒါဟာကို ရောက်ရှိမှာပါ။

စစ်ဆင်ရေးအတွင်း နိုင်ငံတကာ တပ်ဖွဲ့တွေအကြား အထိအခိုက်မှာ အခုနောက်ဆုံးရတဲ့ သတင်းကတော့ သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့်
တောင်ပိုင်းမှာ နေတိုး ဝန်ထမ်းတဦး သေဆုံးသွားတယ်လို့ နေတိုးအရာရှိတွေက ပြောပါတယ်။ အာဖဂနစ္စတန်တွေ အနေနဲ့ သူတို့လုံခြုံရေး ကိစ္စကို သူတို့ဖာသာ တာဝန်ယူနိုင်ပြီ ဆိုတာနဲ့ လုံခြုံရေးတာဝန်အ၀၀ကို အာဖဂန်လက်ထဲ လွဲှပြောင်းပေးလိုတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂိတ်စ်က ပြောပါတယ်။

လာမယ့်နှစ် သြဂုတ်လမှာ အာဖဂန်က အမေရိကန်တပ်ဖွဲ့ဝင်တွေ ရုတ်သိမ်းဖို့ အိုဘားမားအစိုးရက ရည်မှန်းထားပါတယ်။

XS
SM
MD
LG