သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဗလီဗုံးခွဲ ၄၀ မက သေဆုံး


Rebel fighters walk in a rebel controlled territory in Upper Nile State, South Sudan.
အာဖဂန်နစ္စတန်နိုင်ငံမြောက်ပိုင်းမှာ မနေ့က သောကြာနေ့မှာ ဗလီကျောင်းတကျောင်းကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၄၀ လောက် သေဆုံးခဲ့ရပါတယ်။
မွတ်ဆလင်တွေရဲ့ ဘာသာရေးပွဲတော်ဖြစ်တဲ့ Eid-al-Ada ပွဲတော်ရက် သုံးရက်အတွင်း Faryab ခရိုင်၊ Maymana မြို့က ဗလီ တိုက်ခိုက်ခံ ရတာဟာ မကြာခင် လတွေအတွင်း အဆိုးဝါးဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။

လူငယ် အသေခံဗုံးခွဲသမားဟာ ဘုရားဝတ်ပြုသူတွေထဲက အဲဒီဒေသရဲ့ ရဲအရာရှိတယောက်ကို လုပ်ကြံဖို့ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာပါ။ ပစ်မှတ်ထားခံရတဲ့ ရဲအရာရှိက အသက်ဘေးက လွတ်မြောက်ခဲ့ပေမဲ့ သူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့ရပါတယ်။ အရပ်သားတွေထဲကလည်း ကလေးငါးယောက်အပါအဝင် အတော်များများ သေဆုံးသွားခဲ့တာပါ။

ဒီအကြမ်းဖက်မှု ဘယ်သူ့လက်ချက်ဆိုတာ ဘယ်အဖွဲ့ကမှ ထုတ်ပြန်တာမရှိပေမဲ့ အာဏာပိုင်တွေဘက်ကတော့ တာလီဘန်တွေလက်ချက်လို့ အပြစ်ဖို့ထားပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ခိုက်မှုအတွင်း ဖာယပ်ပ် ခရိုင်ရဲ့ တာလီဘန် အုပ်ချုပ်ရေးမှူး သေဆုံးခဲ့တဲ့အပေါ် လက်စားချေ တိုက်ခိုက်တာဖြစ်တယ်လို့ ဖားယပ်-ပ် ရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး Aabdul Sattar Bariz က သတင်းထောက်တွေကို ပြောပါတယ်။

အာဖဂန်သမ္မတ ဟာမစ် ခါဇိုင်းက ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ပြောကြားလိုက်ပြီး ဒီတိုက်ခိုက်မှုကို စီစဉ်သူဟာ အစ္စလာမ်လူမှုအသိုင်းအဝိုင်းရဲ့ ရန်သူဖြစ်တယ် လို့လည်း ပြောလိုက်ပါတယ်။ အစ်ပွဲတော်နေ့ အားလပ်ရက်ရဲ့ အစောပိုင်း ကြေညာချက်မှာ တာလီဘန်တွေကို လက်နက်ချဖို့ သမ္မတခါဇိုင်းက တိုက်တွန်းခဲ့ပါတယ်။
XS
SM
MD
LG