သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်ချက်နဲ့ အာဖဂန်လုံခြုံရေးအရာရှိ ၂၂ ဦး သေဆုံး


အသေခံကားဗုံးခွဲ တိုက်ခိုက်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ အမေရိကန်နဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့များ။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)
အသေခံကားဗုံးခွဲ တိုက်ခိုက်တဲ့နေရာမှာ ရောက်ရှိနေကြတဲ့ အမေရိကန်နဲ့ အာဖဂန် လုံခြုံရေးတပ်ဖွဲ့များ။ (အောက်တိုဘာ ၁၃၊ ၂၀၁၄)

Afghanistan နိုင်ငံမှာ Taliban အကြမ်းဖက်သမားတွေ ခြုံခိုတိုက်ခိုက်လို့ ရဲအရာရှိ ၂၂ ဦး သေဆုံးပြီး နောက်ထပ် ၈ ဦး ဒဏ်ရာရရှိသွားတယ်လို့ နိုင်ငံမြောက်ပိုင်းက ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။ ရဲတွေက Sar-e-Pul Kabul ပြည်နယ်မှာ သွားလာနေတုန်း တိုက်ခိုက်ခံရတာပါ။

အစောပိုင်းတုန်းကလည်း Kabul မြို့တော်မှာ မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ NATO ရဲ့ ယာဉ်တန်းကို အသေခံကားဗုံးခွဲ တိုက်ခိုက်ခဲ့လို့ အရပ်သား တဦးသေဆုံးပြီး နောက်ထပ် ၃ ဦးလည်း ဒဏ်ရာရရှိသွားပါတယ်။ Jalalabad မြို့်ဖက်ထွက်တဲ့ လမ်းမကြီးပေါ်က NATO တပ်ဖွဲ့ဝင်တွေရဲ့ အိမ်ရာနားမှာ ဒီကနေ့မနက်ပဲ တိုက်ခိုက်မှု ဖြစ်ပွားတာပါ။ ဒီတိုက်ခိုက်မှုကို လုပ်ဆောင်တာ သူတို့ဖြစ်ကြောင်း Taliban တို့က ချက်ချင်းပြောလာပေမဲ့ Sar-e-Pul ပြည်နယ်က တိုက်ခိုက်မှုနဲ့ ပတ်သတ်ပြီးတော့ ဘာမှ မပြောပါဘူး။

Afghanistan နိုင်ငံမှာက NATO တပ်ဖွဲ့ဝင်တွေ ထောင်သောင်းချီတပ်စွဲထားတာပါ။ ဒီနှစ်ကုန်မှာ Afghanistan နိုင်ငံကနေ NATO တပ်တွေ ရုပ်သိမ်းဖို့ ဖြစ်ပေမဲ့ အဲဒီနောက်မှာတော့ အမေရိကန် တပ်သား တသောင်းနီးပါးပဲ တိုက်ခိုက်ရေးပိုင်းမဟုတ်တဲ့ လုပ်ငန်းတွေအတွက် Afghanistan နိုင်ငံထဲမှာ ကျန်ခဲ့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG