သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင့္ဦးေဆာင္ပါတီေခါင္းေဆာင္ေဟာင္း AA ဖမ္းဆီး  


ရခုိင့္ဦးေဆာင္ပါတီ(AFP) အမွတ္တံဆိပ္။ (ဓာတ္ပံု- AFP's fb)


[[Zawgyi/Unicode]]

ရခိုင့္ဦးေဆာင္ပါတီ (AFP) က ထိပ္ပိုင္းေခါင္းေဆာင္ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းႏွစ္ဦး ဖမ္းဆီးခံထားရၿပီး အခုအခ်ိန္ထိ မိသားစုဝင္ေတြနဲ႔ အဆက္မသြယ္မရၾကေသးပါဘူး။ ဖမ္းဆီးခံထားရတဲ့ ႏွစ္ဦးထဲကတဦးကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔က သူတို႔ဖမ္းဆီးထားတာလို႔ဆိုေပမဲ့ ေနာက္တဦးကိုေတာ့ သူတို႔မသိရွိဘူးလို႔ ေျပာထားပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို ကိုစံေက်ာ္က တင္ျပေပးထားပါတယ္။

ေဒါက္တာေအးေမာင္ ဦးေဆာင္တဲ့ ရခိုင့္ဦးေဆာင္ပါတီ AFP က ထိပ္ပိုင္းပါတီေခါင္းေဆာင္၂ ဦးျဖစ္ၾကတဲ့ ဦးေက်ာ္ေစာဦးနဲ႔ ဦးေက်ာ္လြင္တို႔ ဖမ္းဆီးခံထားရၿပီး အခုအခ်ိန္ထိ မိသားစုဝင္ေတြနဲ႔ အဆက္မသြယ္မရေသးတာေၾကာင့္ စိုးရိမ္ေနၾကတယ္လို႔ ဖမ္းဆီးခံထားရသူေတြရဲ႕ မိသားစုဝင္ေတြက ေျပာပါတယ္။

ဖမ္းဆီးခံထားရတဲ့ ပါတီေခါင္းေဆာင္ႏွစ္ဦးထဲက ဦးေက်ာ္ေစာဦးကိုေတာ့ ေမးျမန္းစရာရွိတာေၾကာင့္ ေခၚယူထားတာျဖစ္ၿပီး စိုးရိမ္စရာမရွိဘူးလို႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ ေျပာခြင့္ရခိုင္သုခက ၿပီးခဲ့တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာထားပါတယ္။

“ကိုေက်ာ္ေစာဦးနဲ႔ပတ္သက္ၿပီးေတာ့ ေဆြးေႏြးေမးျမန္းစရာရွိတဲ့အတြက္ ေခၚယူစကား ေျပာေနတာရွိတယ္။ ေျပာရင္ေတာ့ သူက က်န္းက်န္းမာမာရွိတယ္။ စိုးရိမ္စရာမရွိပါဘူး။”

ေနာက္ထပ္ ပါတီထိပ္ပိုင္းေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးေက်ာ္လြင္ကိုေတာ့ ၿပီးခဲ့တဲ့ ေအာက္တိုဘာလ ၄ ရက္ေန႔ကတည္းက သူေနထိုင္တဲ့ ေက်ာက္ျဖဴၿမိဳ႕နယ္ ဇင္ေခ်ာင္းေက်း႐ြာက ေနအိမ္မွာ အမည္မသိ လူ ၂၀ ေလာက္ လာေရာက္ ဖမ္းဆီးေခၚေဆာင္တာခံခဲ့ရတယ္လို႔ မိသားစုဝင္ေတြကေျပာပါတယ္။

ဦးေက်ာ္လြင္ဖမ္းဆီးခံရတာနဲ႔ ပတ္သက္ၿပီး ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္က မသိရွိေသးေၾကာင္း ေျပာဆိုထားပါတယ္။ လက္ရွိအခ်ိန္ထိ ဦးေက်ာ္လြင္ ဖမ္းဆီးခံထားရတာနဲ႔ ပတ္သက္ၿပီး သတင္းအစအနမရေသးတာေၾကာင့္ စိုးရိမ္ေနရတယ္လို႔လည္း ဖမ္းဆီးခံထားရတဲ့ ဦးေက်ာ္လြင္ရဲ႕ညီျဖစ္သူ ဦးေက်ာ္ႏိုင္က ေျပာပါတယ္။
“က်ေနာ္တို႔ေတာ့ ဘယ္အဖြဲ႕အစည္းကျဖစ္ျဖစ္ ဖမ္းရင္ ဘာအျပစ္နဲ႔ဖမ္းတာလဲ သိခ်င္တယ္။ ဒါေပမယ့္ သူတို႔ကလည္း အေပၚက မသိဘူး၊ ေအာက္က မသိဘူးဆိုေတာ့ လူတေယာက္မွာ မိသားစုရွိတယ္ဗ်ာ။ အခုမသိဘူးဆိုေတာ့ မိသားစုတေယာက္အေနနဲ႔ စိုးရိမ္တာေပါ့ဗ်ာ။”

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ဘက္ကေတာ့ တိုက္ပြဲျဖစ္ပြားေနတဲ့ ေတာ္လွန္ေရး အေပၚကာလေတြမွာ ျပည္သူေတြစိတ္ဝမ္းကြဲေစမယ့္ လႈံ႕ေဆာ္မႈေတြကို ခြင့္မျပဳသလို လိုအပ္ရင္လိုအပ္သလို တိုင္းျပည္အေရးအတြက္ လုပ္ေဆာင္ရတာေတြရွိတယ္လို႔ AA ေျပာခြင့္ရ ခိုင္သုခက ေျပာထားတာရွိပါတယ္။ ရခိုင့္ဦးေဆာင္ပါတီ (AFP) ဘက္ကေတာ့ ပါတီဝင္ႏွစ္ေယာက္လုံးဟာ ပါတီအတြက္ အေရးႀကီးသလို ဖမ္းဆီးထားရေလာက္ေအာင္ အျပစ္လုပ္ထားတာမရွိတဲ့အတြက္ ဖမ္းဆီးထားသူေတြအေနနဲ႔ အျမန္ဆုံး ျပန္လႊတ္ေပးေစခ်င္တယ္လို႔လည္း ရခိုင့္ဦးေဆာင္ပါတီ ဥကၠ႒ ေဒါက္တာေအးေမာင္က ေျပာပါတယ္။

“ က်ေနာ္တို႔ခန႔္မွန္းတာက ႏိုင္ငံေရးနဲ႔ ႏြယ္တဲ့ပုဂၢိဳလ္တိုင္းက ေတာ္လွန္ေရးနဲ႔ သြားေနတဲ့သူေတြရဲ႕လမ္းေၾကာင္းကို မည္သည့္နည္းနဲ႔မွ် ေႏွာင့္ယွက္မေပးဘူးဗ်ာ။စီးတဲ့ေရ စီးပါေစ၊ ဟိုက်န္ ဒီက်န္မျဖစ္ေအာင္သာ သမိုင္းနဲ႔ အေတြ႔အႀကဳံေလးေတြကို အကန႔္အသတ္ေလးနဲ႔ နားဝင္ပါေစဆိုၿပီးေတာ့ ေျပာဆိုတာေလာက္ပဲ ရွိၾကပါတယ္။ က်ေနာ္ထပ္ၿပီးေျပာရရင္ အဲဒီပုဂၢိဳလ္ႏွစ္ဦးလုံးဟာ က်ေနာ္တို႔ပါတီအတြက္ အင္မတန္အေရးႀကီးပါတယ္။ မိသားစုေတြကလည္း စိတ္ပူေနၾကပါတယ္။ ကိစၥႀကီးႀကီးမားမားမဟုတ္တဲ့အတြက္ ေမးျမန္းၿပီးရင္ မိခင္ပါတီကို ျပန္ၿပီးေတာ့ လႊတ္ေပးဖု႔ိ က်ေနာ္တို႔ ေတာင္းဆိုပါတယ္ေနာ္။”

လက္နက္ကိုင္ပဋိပကၡေတြရွိေနတဲ့ ရခိုင္ျပည္နယ္မွာ ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြနဲ႔ ေဒသခံျပည္သူေတြ မၾကာခဏဖမ္းဆီးခံရတာေတြရွိပါတယ္။ ဒီ ၂ လအတြင္းမွာပဲ ရခိုင္ေဒသခံ ၃၀၀ ေက်ာ္ကို ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ဆက္စပ္တယ္ဆိုၿပီး စစ္ေကာင္စီက ဖမ္းဆီးထားတာရွိတယ္လို႔ AA အဖြဲ႔ဘက္ကေျပာဆိုသလို ရခိုင္ လက္နက္ကိုင္ AA အဖြဲ႔ဘက္ကလည္း စစ္ဖက္ဆိုင္ရာတာဝန္ရွိသူေတြ၊ စစ္ေကာင္စီ ဝန္ထမ္းေတြနဲ႔ ပါတီဝင္ေတြကို ေခၚယူစစ္ေဆးတာေတြလည္း ရွိေနတာျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ AA နဲ႔ ျမန္မာစစ္ေကာင္စီတပ္ေတြၾကား ႏႈတ္အားျဖင့္ အပစ္အခတ္ရပ္စဲေရးယူထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ရခိုင့်ဦးဆောင်ပါတီခေါင်းဆောင်ဟောင်း AA ဖမ်းဆီး

ရခိုင့်ဦးဆောင်ပါတီ (AFP) က ထိပ်ပိုင်းခေါင်းဆောင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းနှစ်ဦး ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ်မရကြသေးပါဘူး။ ဖမ်းဆီးခံထားရတဲ့ နှစ်ဦးထဲကတဦးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က သူတို့ဖမ်းဆီးထားတာလို့ဆိုပေမဲ့ နောက်တဦးကိုတော့ သူတို့မသိရှိဘူးလို့ ပြောထားပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ AFP က ထိပ်ပိုင်းပါတီခေါင်းဆောင်၂ ဦးဖြစ်ကြတဲ့ ဦးကျော်စောဦးနဲ့ ဦးကျော်လွင်တို့ ဖမ်းဆီးခံထားရပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်မသွယ်မရသေးတာကြောင့် စိုးရိမ်နေကြတယ်လို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ပါတီခေါင်းဆောင်နှစ်ဦးထဲက ဦးကျော်စောဦးကိုတော့ မေးမြန်းစရာရှိတာကြောင့် ခေါ်ယူထားတာဖြစ်ပြီး စိုးရိမ်စရာမရှိဘူးလို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ ပြောခွင့်ရခိုင်သုခက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

“ကိုကျော်စောဦးနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမေးမြန်းစရာရှိတဲ့အတွက် ခေါ်ယူစကား ပြောနေတာရှိတယ်။ ပြောရင်တော့ သူက ကျန်းကျန်းမာမာရှိတယ်။ စိုးရိမ်စရာမရှိပါဘူး။”

နောက်ထပ် ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကျော်လွင်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၄ ရက်နေ့ကတည်းက သူနေထိုင်တဲ့ ကျောက်ဖြူမြို့နယ် ဇင်ချောင်းကျေးရွာက နေအိမ်မှာ အမည်မသိ လူ ၂၀ လောက် လာရောက် ဖမ်းဆီးခေါ်ဆောင်တာခံခဲ့ရတယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

ဦးကျော်လွင်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မသိရှိသေးကြောင်း ပြောဆိုထားပါတယ်။ လက်ရှိအချိန်ထိ ဦးကျော်လွင် ဖမ်းဆီးခံထားရတာနဲ့ ပတ်သက်ပြီး သတင်းအစအနမရသေးတာကြောင့် စိုးရိမ်နေရတယ်လို့လည်း ဖမ်းဆီးခံထားရတဲ့ ဦးကျော်လွင်ရဲ့ညီဖြစ်သူ ဦးကျော်နိုင်က ပြောပါတယ်။
“ကျနော်တို့တော့ ဘယ်အဖွဲ့အစည်းကဖြစ်ဖြစ် ဖမ်းရင် ဘာအပြစ်နဲ့ဖမ်းတာလဲ သိချင်တယ်။ ဒါပေမယ့် သူတို့ကလည်း အပေါ်က မသိဘူး၊ အောက်က မသိဘူးဆိုတော့ လူတယောက်မှာ မိသားစုရှိတယ်ဗျာ။ အခုမသိဘူးဆိုတော့ မိသားစုတယောက်အနေနဲ့ စိုးရိမ်တာပေါ့ဗျာ။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်ကတော့ တိုက်ပွဲဖြစ်ပွားနေတဲ့ တော်လှန်ရေး အပေါ်ကာလတွေမှာ ပြည်သူတွေစိတ်ဝမ်းကွဲစေမယ့် လှုံ့ဆော်မှုတွေကို ခွင့်မပြုသလို လိုအပ်ရင်လိုအပ်သလို တိုင်းပြည်အရေးအတွက် လုပ်ဆောင်ရတာတွေရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောထားတာရှိပါတယ်။ ရခိုင့်ဦးဆောင်ပါတီ (AFP) ဘက်ကတော့ ပါတီဝင်နှစ်ယောက်လုံးဟာ ပါတီအတွက် အရေးကြီးသလို ဖမ်းဆီးထားရလောက်အောင် အပြစ်လုပ်ထားတာမရှိတဲ့အတွက် ဖမ်းဆီးထားသူတွေအနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးစေချင်တယ်လို့လည်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“ ကျနော်တို့ခန့်မှန်းတာက နိုင်ငံရေးနဲ့ နွယ်တဲ့ပုဂ္ဂိုလ်တိုင်းက တော်လှန်ရေးနဲ့ သွားနေတဲ့သူတွေရဲ့လမ်းကြောင်းကို မည်သည့်နည်းနဲ့မျှ နှောင့်ယှက်မပေးဘူးဗျာ။စီးတဲ့ရေ စီးပါစေ၊ ဟိုကျန် ဒီကျန်မဖြစ်အောင်သာ သမိုင်းနဲ့ အတွေ့အကြုံလေးတွေကို အကန့်အသတ်လေးနဲ့ နားဝင်ပါစေဆိုပြီးတော့ ပြောဆိုတာလောက်ပဲ ရှိကြပါတယ်။ ကျနော်ထပ်ပြီးပြောရရင် အဲဒီပုဂ္ဂိုလ်နှစ်ဦးလုံးဟာ ကျနော်တို့ပါတီအတွက် အင်မတန်အရေးကြီးပါတယ်။ မိသားစုတွေကလည်း စိတ်ပူနေကြပါတယ်။ ကိစ္စကြီးကြီးမားမားမဟုတ်တဲ့အတွက် မေးမြန်းပြီးရင် မိခင်ပါတီကို ပြန်ပြီးတော့ လွှတ်ပေးဖု့ိ ကျနော်တို့ တောင်းဆိုပါတယ်နော်။”

လက်နက်ကိုင်ပဋိပက္ခတွေရှိနေတဲ့ ရခိုင်ပြည်နယ်မှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံပြည်သူတွေ မကြာခဏဖမ်းဆီးခံရတာတွေရှိပါတယ်။ ဒီ ၂ လအတွင်းမှာပဲ ရခိုင်ဒေသခံ ၃၀၀ ကျော်ကို ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထားတာရှိတယ်လို့ AA အဖွဲ့ဘက်ကပြောဆိုသလို ရခိုင် လက်နက်ကိုင် AA အဖွဲ့ဘက်ကလည်း စစ်ဖက်ဆိုင်ရာတာဝန်ရှိသူတွေ၊ စစ်ကောင်စီ ဝန်ထမ်းတွေနဲ့ ပါတီဝင်တွေကို ခေါ်ယူစစ်ဆေးတာတွေလည်း ရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ AA နဲ့ မြန်မာစစ်ကောင်စီတပ်တွေကြား နှုတ်အားဖြင့် အပစ်အခတ်ရပ်စဲရေးယူထားကြပါတယ်။

XS
SM
MD
LG