သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖရိကလှေစီးပြေး အလောင်းတွေ အီတလီကမ်းခြေမှာ ထပ်မံတွေ့ရှိ


ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။(အောက်တိုဘာ ၄၊ ၂၀၁၃)
ဘဝသစ်ရှာဖွေဖို့ လှေစီးထွက်လာသူ အာဖရိကန်တွေ တင်ဆောင်လာတဲ့ လှေတစ်စင်း မီးလောင်တိမ်းမှောက်ခဲ့ရာ အီတလီနိုင်ငံ၊ Lampedusa ကျွန်း မြင်ကွင်း။(အောက်တိုဘာ ၄၊ ၂၀၁၃)
အီတလီနိုင်ငံ Lampedusa ကျွန်း ကမ်းလွန်ပင်လယ်ပြင်မှာ ကြာသပတေးနေ့က မီးလောင် နစ်မြုပ်သွားတဲ့ လှေပေါ်ပါ အာဖရိက တိုက်သား ရွှေ့ပြောင်း အခြေစိုက်သူတွေထဲက ပျောက်ဆုံးနေပြီး သေဆုံးသွားပြီလို့ ယူဆထားသူ ဒါဇင်ပေါင်းများစွာကို ရှာဖွေနေတာမှာ ရေပြင်က မတည်ငြိမ်ဘဲ အပြောင်းအလဲများနေတာကြောင့် အခက်အခဲတွေ့နေရပါတယ်။

အခုချိန်ထိဆိုရင် သေဆုံးသူ ၁၁၁ ဦးရဲ့အလောင်းတွေကို ရှာတွေ့ထားပြီး ရေအောက် ပေ ၁၃၀ ကျော်မှာ နစ်မြုပ်နေတဲ့ လှေပျက် ထဲကနေ နောက်ထပ် အလောင်းတွေကို ရှာတွေ့ဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ခန့်မှန်းခြေ လူပေါင်း ၅၀၀ ပါလာတဲ့ထဲက ၁၅၅ ယောက်ကို ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်တင်ထားပြီးပါပြီ။ အသက်မသေ ကျန်ရစ်သူတွေထဲက တစ်ယောက်က လွဲပြီး အားလုံးဟာ အီရီထရီးယားနိုင်ငံသားတွေဖြစ်ပြီး ကျန်တဲ့လူတွေက တူနီးရှားနိုင်ငံသား တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။

သေဆုံးသွားသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်းအထိမ်းအမှတ်အဖြစ် ဒီကနေ့ကို တရားဝင် သတ်မှတ်ထားပါတယ်။ အီတလီနိုင်ငံ၊ Assisi မြို့မှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က ဒီကနေ့ သောကြာနေ့ကို “မျက်ရည်များ၏ တစ်နေ့တာ” ဆိုပြီးတော့ သတ်မှတ် ကြေညာပါတယ်။
XS
SM
MD
LG