သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအလွန် နယူးယောက်နဲ့ သွားလာရေး


မြို့တော်အတွင်း ပြေးနေတဲ့ ရထားလိုင်း ၂၃လိုင်းထဲက ၁၄လိုင်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်။
မြို့တော်အတွင်း ပြေးနေတဲ့ ရထားလိုင်း ၂၃လိုင်းထဲက ၁၄လိုင်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်။
မုန်တိုင်းတိုက်ခတ်တဲ့ဒဏ်ကို ဆိုးဆိုး ရွားရွားကြုံခဲ့ရတဲ့ နယူးဂျာစီပြည်နယ်ကမ်းရိုးတမ်းဒေသကို ဗုဒ္ဓဟူးနေ့ က သမ္မတ ဘရက်အိုဘားမား သွားရောက်ကြည့်ရှုခဲ့ပြီး အမေရိကန် ဗဟို အစိုးရအနေနဲ့ အရှည် သဖြင့် ကူညီ ပံ့ပိုးမှုတွေ ပြုလုပ် ပေးသွား မှာဖြစ်ကြောင်း ဒေသခံပြည်သူလူထု ကိုပြော သွားပါတယ်။ သမ္မတရဲ့ ခရီးစဉ်မှာ ပြည်နယ် အုပ်ချုပ်ရေးမှုး ခရစ် ခရစ္စတီ လည်း အတူလိုက် ပါသွားပြီး နယူးဂျာစီပြည်နယ်နဲ့ နယူးယောက် မြို့တော်တဝိုက်က မုန်တိုင်းဒဏ်ကြုံခဲ့ရတဲ့ သန်းနဲ့ချီ တဲ့ ဒေသခံပြည်သူတွေကို စောင့်ရှောက် အကူညီပေးဖို့ မစ္စတာ အိုဘားမားက တိုက်တွန်း သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးခဲ့ရတဲ့ ကြုံခဲ့ရတဲ့ မိသားစု တွေအတွက် တနိုင်ငံလုံးအနေနဲ့ ဝမ်းနည်းကြေကွဲမှုဖြစ် ရကြောင်း သမ္မတ က ပြောဆိုခဲ့ပြီး ပြန်လည် ထူထောင်မှုတွေ ပြုလုပ်ဖို့ အတွက် နောက်ဆက်တွဲ အကူအညီတွေ ဆက်လက်ပေးအပ်သွားမှာ ဖြစ်တဲ့အကြောင်း ကတိပြုသွားပါတယ်။

မုန်တိုင်းဒဏ်ကြုံတွေ့ရတဲ့ ဒေသနဲ့ အလွန်အလှမ်းကွာဝေးတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာ ရှိတဲ့ ဘက်စုံဝန်ဆောင်မှု ကုမ္ပဏီတွေကလည်း အကူအညီပေးဖို့ ကမ်းလှမ်းထားတဲ့အကြောင်း သမ္မတကပြောပါတယ်။ အကူအညီ ပေးတဲ့ ပစ္စည်းပစ္စယတွေ ဒေသတခု ကန ဒေသ တခုကို မြန်နိုင်သမျှအမြန်ဆုံး ပို့ဆောင်ပေးဖို့အတွက် စစ်တပ်ပိုင် လေယာဉ် တွေကို အသုံးပြုဖို့ သူအမိန့်ပေးထားပြီးဖြစ်ကြောင်း မစ္စတာ အိုဘားမားကပြောဆိုပါတယ်။

မုန်တိုင်းဒဏ်ကြောင့် ရေလွှမ်းမိုးပြီးတော့ ပိတ်ဆို့နေတဲ့ နယူးယောက်မြို့ ရဲ့ မြေအောက် ရထားလမ်းတွေကို ပြန်လည်ပြုပြင်နေရာမှာ အစိတ်အပိုင်း တချို့ပြန်လည်ပြင်ဆင်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ မြို့တော်အတွင်း ပြေးနေတဲ့ ရထားလိုင်း ၂၃လိုင်းထဲက ၁၄လိုင်း ကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
XS
SM
MD
LG