သုံးရလွယ်ကူစေသည့် Link များ

တူရကီ ရွေးကောက်ပွဲ နောက်ပိုင်း အဖမ်းအဆီး ၃၅ ယောက် အထိရှိ


တူရကီရွေးကောက်ပွဲနောက်ပိုင်း အဖမ်းအဆီး ၃၅ ယောက်အထိရှိ

တူရကီနိုင်ငံမှာ သမ္မတ Recep Tayyip Erdogan ကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ဘာသာရေးခေါင်းဆောင် တဦးကို ထောက်ခံသူတွေအပေါ် ဦးတည်တဲ့ နှိမ်နင်းမှု တခုအတွင်း လူ ၃၅ ယောက်ကို အာဏာပိုင်တွေက ဒီကနေ့ ထိန်းသိမ်းလိုက်ပါတယ်။

တူရကီလွှတ်တော်ရွေးကောက်ပွဲမှာ သမ္မတ အာဒိုဝန်ရဲ့ တရားမျှတရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး AKP ပါတီ အများစု အနိုင်ရခဲ့ပြီး နှစ်ရက် အကြာ နိုင်ငံ အနောက်ဘက် Izmir ကမ်းရိုးတန်းမြို့မှာ အခုလို ဖမ်းဆီးတာတွေလုပ်တာပါ။

အကြီးတန်း ဗျူရိုကရက်အရာရှိတွေနဲ့ ရဲအရာရှိတွေကို ထိန်းသိမ်းဖို့ Izmir မြို့က နေရာမျိုးစုံ ကို ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ခဲ့ကြတယ်လို့ Dogan သတင်းဌာနကပြောပါတယ်။ အမေရိကန်အခြေစိုက် ဘာသာရေးခေါင်းဆောင် Fethullah Gulen ကို ထောက်ခံ သူတွေအပေါ် စုံစမ်းစစ်ဆေးမှုတခုရဲ့ တစိတ်တပိုင်း အနေနဲ့ အခုလို လုပ်ဆောင်တာလို့ သတင်းကဆိုပါတယ်။

ဘာသာရေးခေါင်းဆောင်နဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ တူရကီနိုင်ငံမှာ အကြီးဆုံး သတင်းဌာနတွေထဲက တခု ကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဏာပိုင်တွေက စီးနင်း ၀င်ရောက်ခဲ့ပါတယ်။ မေလတုန်းက လုပ်ခဲ့တဲ့ နှိမ်နင်းမှုတွေအတွင်းမှာ တော့ ဘာသာရေးခေါင်းဆောင်နဲ့ အဆက်အစပ် ရှိတယ်လို့ယူဆတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တခြားလူတွေ ဒါဇင်ပေါင်းများစွာ ကို ဖမ်းဆီးခဲ့ပါသေးတယ်။

ရွေးကောက်ပွဲမှာ သူ့ပါတီ အနိုင်ရတာကို ကမ္ဘာက အသိအမှတ်ပြုသင့်တယ်လို့ သမ္မတအာဒိုဝန်က တနင်္လာနေ့မှာပြောပါတယ်။ ဒါဟာ အတိုက်အခံတွေကိုနှိမ်နင်းတဲ့ သူ့အစိုးရရဲ့မူဝါဒတွေအပေါ် ဝေဖန်ထောက်ပြတဲ့သတင်းတွေ ကို ထုတ်လွှင့်လေ့ရှိတဲ့ အနောက်နိုင်ငံတွေက သတင်းမီဒီယာတွေကို ရည်ညွှန်းပြောဆိုတာဖြစ်ပုံရပါတယ်။

XS
SM
MD
LG