သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီကို ေလယာဥ္ဆီ မေရာင္းဘို႔ AI ေတာင္းဆို 


Myanmar Ari Force JF-17/FC-1

[[Zawgyi/Unicode]]

ျမန္မာကို ေလယာဥ္ဆီတင္ပို႔မႈနဲ႔ စစ္ရာဇဝတ္မႈ ဆက္စပ္ေနတာေတြ႔ထားလို႔ မတင္ပို႔ၾကဖို႔ Amnesty International အဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

Amnesty International ႏိုင္ငံတကာလူ႔အခြင့္ေရးအဖြဲ႔ႀကီးအေနနဲ႔ ေလယာဥ္ဆီပို႔ကုမၸဏီေတြက ေပါက္ၾကားလာတဲ့ အေထာက္အထားသတင္းေတြ၊ ျမန္မာ့ေလတပ္က ထြက္ေျပးလာသူေတြကို ေမးျမန္းမႈေတြကေန ေလေၾကာင္းတိုက္ခိုက္မႈနဲ႔ ဆက္စပ္တာေတြ႔ခဲ့တဲ့အခ်က္ေတြကို AI က အစီရင္ခံစာထုတ္ျပန္ခဲ့ပါတယ္။

အရပ္သားပစ္မွတ္ေတြအေပၚ ျမန္မာစစ္တပ္ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြ တိုးျမင့္လာခ်ိန္မွာ အရပ္သားထိခိုက္ေသဆံုုးမႈ တားဆီးႏိုင္ေရး၊ ႏိုင္ငံတကာ ေလာင္စာဆီတင္ပို႔တဲ့ ကုမၸဏီေတြအေနနဲ႔ ေလယာဥ္ဆီတင္ပို႔တာ ရပ္ဆိုင္းေပးဖို႔၊ AI ကေတာင္းဆိုပါတယ္။

AI အဖြဲ႔နဲ႔ Justice for Myanmar ျမန္မာဆိုင္ရာတရားမွ်တေရးအဖြဲ႔ ပူးေပါင္းၿပီး ေလ့လာစံုစမ္းထုတ္ျပန္တဲ့ အစီရင္ခံစာထဲမွာ ဆြစ္ဇာလန္၊ အေမရိကန္၊ ထိုင္း၊ တ႐ုတ္နဲ႔ ႐ုရွားကုမၸဏီေတြကို အခုလိုေတာင္းဆိုလိုက္တာပါ။

ႏိုင္ငံတကာ စက္သံုးဆီတင္ပို႔ကုမၸဏီေတြျဖစ္တဲ့ ဆြစ္ဇာလန္ပိုင္ Puma Energy ကုမၸဏီအျပင္ အေမရိကန္ပိုင္ ExxonMobil ၊ Thai Oil ၊ PetroChina နဲ႔ ႐ုရွားပိုင္ Rosneft တို႔လည္း ဒီ ေလယာဥ္ဆီတင္ပို႔မႈမွာ ပါဝင္ပတ္သက္ေနတာေတြ႔ထားတယ္လို႔ AI အဖြဲ႔ထုတ္ျပန္ခ်က္ထဲ ေဖာ္ျပထားပါတယ္။ Puma Energy ကုမၸဏီကေတာ့ ျမန္မာႏိုင္ငံကေနထြက္ဖို႔ မၾကာခင္က ေၾကညာထားပါတယ္။


ျမန္မာစစ္အာဏာသိမ္းအၿပီးထဲက လက္နက္ကိုင္တိုက္ခိုက္မႈထဲမပါတဲ့ အရပ္ သားေတြ ဒါဇင္ေတြနဲ႔ခ်ီေသဆံုးခဲ့ရတဲ့အေပၚ အေလးထားစံုစမ္းခဲ့တဲ့ အစီရင္ခံစာထဲမွာ စစ္ေကာင္စီကို ေလယာဥ္ဆီေတြသာ မေရာင္းရင္ စစ္ေလယာဥ္ေတြ မပ်ံႏိုင္တာမို႔ အခုလိုေတာင္းဆိုတာပါလို႔ အစီရင္ခံစာထုတ္ျပန္တဲ့ AI အဖြဲ႔ရဲ႕ အတြင္းေရးမႈးခ်ဳပ္ Agnes Callamard က ေျပာၾကားခဲ့ပါတယ္။

ျမန္မာစစ္ေကာင္စီဘက္ကေတာ့ အခုလို ေလေၾကာင္းတိုက္ခိုက္မူေတြဟာ လက္နက္မဲ့အရပ္သားေတြကို တိုက္ခိုက္တာမဟုတ္ဘဲ လက္နက္ကိုင္နဲ႔ အၾကမ္းဖက္အဖြဲ႔ နယ္ေျမေတြကိုသာ ဦးတည္တိုက္ခိုက္ခဲ့တာလို႔ ျပန္ေျဖရွင္းေလ့ရွိပါတယ္။

ဒါေပမဲ့ AI အဖြဲ႔ ေတြ႕ရွိခ်က္ထဲမွာေတာ့ ဒီႏွစ္ဆန္းပိုင္း ကရင္တိုင္းရင္းသားနယ္ေျမတိုက္ခိုက္မႈကေန မၾကာခင္က ေက်ာင္းတြင္းတိုက္ခိုက္မႈနဲ႔ ေနာက္ဆံုးကခ်င္ေဒသ ဂီတပြဲတိုက္ခိုက္မႈထဲ လက္နက္မဲ့ အရပ္သားေတြအမ်ားအျပား ေသဆံုးခဲ့ရတယ္လို႔ ေဖာ္ျပခဲ့ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

စစ်ကောင်စီကို လေယာဉ်ဆီ မရောင်းဘို့ AI တောင်းဆို

မြန်မာကို လေယာဉ်ဆီတင်ပို့မှုနဲ့ စစ်ရာဇဝတ်မှု ဆက်စပ်နေတာတွေ့ထားလို့ မတင်ပို့ကြဖို့ Amnesty International အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

Amnesty International နိုင်ငံတကာလူ့အခွင့်ရေးအဖွဲ့ကြီးအနေနဲ့ လေယာဉ်ဆီပို့ကုမ္ပဏီတွေက ပေါက်ကြားလာတဲ့ အထောက်အထားသတင်းတွေ၊ မြန်မာ့လေတပ်က ထွက်ပြေးလာသူတွေကို မေးမြန်းမှုတွေကနေ လေကြောင်းတိုက်ခိုက်မှုနဲ့ ဆက်စပ်တာတွေ့ခဲ့တဲ့အချက်တွေကို AI က အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားပစ်မှတ်တွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြင့်လာချိန်မှာ အရပ်သားထိခိုက်သေဆုံးမှု တားဆီးနိုင်ရေး၊ နိုင်ငံတကာ လောင်စာဆီတင်ပို့တဲ့ ကုမ္ပဏီတွေအနေနဲ့ လေယာဉ်ဆီတင်ပို့တာ ရပ်ဆိုင်းပေးဖို့၊ AI ကတောင်းဆိုပါတယ်။

AI အဖွဲ့နဲ့ Justice for Myanmar မြန်မာဆိုင်ရာတရားမျှတရေးအဖွဲ့ ပူးပေါင်းပြီး လေ့လာစုံစမ်းထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဆွစ်ဇာလန်၊ အမေရိကန်၊ ထိုင်း၊ တရုတ်နဲ့ ရုရှားကုမ္ပဏီတွေကို အခုလိုတောင်းဆိုလိုက်တာပါ။

နိုင်ငံတကာ စက်သုံးဆီတင်ပို့ကုမ္ပဏီတွေဖြစ်တဲ့ ဆွစ်ဇာလန်ပိုင် Puma Energy ကုမ္ပဏီအပြင် အမေရိကန်ပိုင် ExxonMobil ၊ Thai Oil ၊ PetroChina နဲ့ ရုရှားပိုင် Rosneft တို့လည်း ဒီ လေယာဉ်ဆီတင်ပို့မှုမှာ ပါဝင်ပတ်သက်နေတာတွေ့ထားတယ်လို့ AI အဖွဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။ Puma Energy ကုမ္ပဏီကတော့ မြန်မာနိုင်ငံကနေထွက်ဖို့ မကြာခင်က ကြေညာထားပါတယ်။


မြန်မာစစ်အာဏာသိမ်းအပြီးထဲက လက်နက်ကိုင်တိုက်ခိုက်မှုထဲမပါတဲ့ အရပ် သားတွေ ဒါဇင်တွေနဲ့ချီသေဆုံးခဲ့ရတဲ့အပေါ် အလေးထားစုံစမ်းခဲ့တဲ့ အစီရင်ခံစာထဲမှာ စစ်ကောင်စီကို လေယာဉ်ဆီတွေသာ မရောင်းရင် စစ်လေယာဉ်တွေ မပျံနိုင်တာမို့ အခုလိုတောင်းဆိုတာပါလို့ အစီရင်ခံစာထုတ်ပြန်တဲ့ AI အဖွဲ့ရဲ့ အတွင်းရေးမှုးချုပ် Agnes Callamard က ပြောကြားခဲ့ပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ အခုလို လေကြောင်းတိုက်ခိုက်မူတွေဟာ လက်နက်မဲ့အရပ်သားတွေကို တိုက်ခိုက်တာမဟုတ်ဘဲ လက်နက်ကိုင်နဲ့ အကြမ်းဖက်အဖွဲ့ နယ်မြေတွေကိုသာ ဦးတည်တိုက်ခိုက်ခဲ့တာလို့ ပြန်ဖြေရှင်းလေ့ရှိပါတယ်။

ဒါပေမဲ့ AI အဖွဲ့ တွေ့ရှိချက်ထဲမှာတော့ ဒီနှစ်ဆန်းပိုင်း ကရင်တိုင်းရင်းသားနယ်မြေတိုက်ခိုက်မှုကနေ မကြာခင်က ကျောင်းတွင်းတိုက်ခိုက်မှုနဲ့ နောက်ဆုံးကချင်ဒေသ ဂီတပွဲတိုက်ခိုက်မှုထဲ လက်နက်မဲ့ အရပ်သားတွေအများအပြား သေဆုံးခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်ခင်ဗျာ။

XS
SM
MD
LG