သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Amnesty International ေဟာင္ေကာင္႐ုံးပိတ္မည္


ေဟာင္ေကာင္ရွိလူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေရးေဆာင္႐ြတ္တဲ့ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ AI ႐ံုးခန္း

{{ Zawgyi/Unicode}}}

ကမာၻမွာ လူ႔အခြင့္အေရးကာကြယ္ေစာင့္ေရွာက္ေရးေဆာင္႐ြတ္တဲ့ ႏိုင္ငံတကာလြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ Amnesty International အဖြဲ႕ရဲ႕ ေဟာင္ေကာင္က ႐ုံးေတြကို ပိတ္ေတာ့မယ့္အေၾကာင္း ဒီေန႔ ေၾကညာလိုက္ပါတယ္။ ေဟာင္ေကာင္မွာ တ႐ုတ္ကခ်မွတ္ထားတဲ့ အမိေျမလုံၿခဳံေရးဥပေဒနဲ႔ Amnesty ဝန္ထမ္းေတြ ၿငိစြန္းမွာ စိုးရိမ္တဲ့အတြက္ ေဟာင္ေကာင္မွာရွိတဲ့ ႐ုံး ၂ ႐ုံးကို ပိတ္လိုက္ရေၾကာင္း Amnesty က ေျပာပါတယ္။

ေဟာင္ေကာင္မွာ လူေတြအမ်ားအျပားပါဝင္ၿပီး တခါတေလ ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ရတဲ့ ဒီမိုကေရစီေရးေတာင္းဆိုဆႏၵျပမႈေတြကို ကိုင္တြယ္ဖို႔ တ႐ုတ္က လုပ္ေဆာင္တဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ဇြန္လမွာပဲ တ႐ုတ္အစိုးရက အမိေျမလုံၿခဳံေရးဥပေဒကို ခ်မွတ္လိုက္တာပါ။

အခုလို ႐ုံးပိတ္သိမ္းဖို႔ ဆုံးျဖတ္ခ်က္ကို ေတာ္ေတာ္ခက္ခက္ခဲခဲ ခ်ခဲ့ရတာျဖစ္တယ္၊ တ႐ုတ္ရဲ႕ ဥပေဒေၾကာင့္ ဒီအေျခအေနေရာက္သြားရတာျဖစ္တယ္လို႔ Amnesty ဘုတ္အဖြဲ႕ ဥကၠ႒ Anjhula Bais က ေျပာပါတယ္။ ဒီဥပေဒေၾကာင့္ လူ႔အခြင့္အေရးအဖြဲ႕အစည္းေတြအေနနဲ႔ အစိုးရနဲ႔ မၿငိစြန္းဘဲနဲ႔ ေဟာင္ေကာင္မွာ လြတ္လြတ္လပ္ လပ္ အလုပ္လုပ္ကိုင္ႏိုင္ဖို႔ မျဖစ္ႏိုင္ေတာ့ဘူးလို႔ လည္း ေျပာသြားပါတယ္။

အခုအခ်ိန္ဟာ ေဟာင္ေကာင္ကို တ႐ုတ္က ေသခ်ာခ်ဳပ္ကိုင္ထားလိုက္တယ္ဆိုတာ မီးေမာင္းထိုးျပသဖို႔ လုပ္ေနခ်ိန္လည္း ျဖစ္ၿပီး အခုလို Amnesty ႐ုံးေတြ ပိတ္လိုက္ရတဲ့ အတြက္ ေဟာင္ေကာင္မွာ ႏွစ္ ၄၀ ေက်ာ္ လူ႔အခြင့္အေရးကိစၥရပ္ေတြ ေဆာင္႐ြတ္ခဲ့တာလည္း နိဂုံးခ်ဳပ္သြားပါၿပီ။ Amnesty International လူ႔အခြင့္အေရးအဖြဲ႕ဟာ ေဟာင္ေကာင္မွာ ႐ုံးဖြင့္လာတာ ႏွစ္ ၄၀ ေက်ာ္ ရွိပါၿပီ။

ေဟာင္ေကာင္က ႐ုံး ၂ ႐ုံးမွာ ေဒသႏၲရ႐ုံးခြဲကို ေအာက္တိုဘာလကုန္မွာ ပိတ္မွာ ျဖစ္ၿပီး ပိစိဖိတ္၊ အေရွ႕အာရွနဲ႔ အေရွ႕ေတာင္အာရွဒသဆိုင္ရ သုေတသနနဲ႔ လူ႔အခြင့္အေရးျမႇင့္တင္ေရးလုပ္ေဆာင္တဲ့ ႐ုံးကိုေတာ့ ဒီႏွစ္ကုန္မွာ ပိတ္လိုက္မွာ ျဖစ္ပါတယ္ရွင္။

===========

{{Unicode}}}

Amnesty International ဟောင်ကောင်ရုံးပိတ်မည်

ကမ္ဘာမှာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဆောင်ရွတ်တဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International အဖွဲ့ရဲ့ ဟောင်ကောင်က ရုံးတွေကို ပိတ်တော့မယ့်အကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။ ဟောင်ကောင်မှာ တရုတ်ကချမှတ်ထားတဲ့ အမိမြေလုံခြုံရေးဥပဒေနဲ့ Amnesty ဝန်ထမ်းတွေ ငြိစွန်းမှာ စိုးရိမ်တဲ့အတွက် ဟောင်ကောင်မှာရှိတဲ့ ရုံး ၂ ရုံးကို ပိတ်လိုက်ရကြောင်း Amnesty က ပြောပါတယ်။

ဟောင်ကောင်မှာ လူတွေအများအပြားပါဝင်ပြီး တခါတလေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ရတဲ့ ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြမှုတွေကို ကိုင်တွယ်ဖို့ တရုတ်က လုပ်ဆောင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဇွန်လမှာပဲ တရုတ်အစိုးရက အမိမြေလုံခြုံရေးဥပဒေကို ချမှတ်လိုက်တာပါ။

အခုလို ရုံးပိတ်သိမ်းဖို့ ဆုံးဖြတ်ချက်ကို တော်တော်ခက်ခက်ခဲခဲ ချခဲ့ရတာဖြစ်တယ်၊ တရုတ်ရဲ့ ဥပဒေကြောင့် ဒီအခြေအနေရောက်သွားရတာဖြစ်တယ်လို့ Amnesty ဘုတ်အဖွဲ့ ဥက္ကဋ္ဌ Anjhula Bais က ပြောပါတယ်။ ဒီဥပဒေကြောင့် လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ မငြိစွန်းဘဲနဲ့ ဟောင်ကောင်မှာ လွတ်လွတ်လပ် လပ် အလုပ်လုပ်ကိုင်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လည်း ပြောသွားပါတယ်။

အခုအချိန်ဟာ ဟောင်ကောင်ကို တရုတ်က သေချာချုပ်ကိုင်ထားလိုက်တယ်ဆိုတာ မီးမောင်းထိုးပြသဖို့ လုပ်နေချိန်လည်း ဖြစ်ပြီး အခုလို Amnesty ရုံးတွေ ပိတ်လိုက်ရတဲ့ အတွက် ဟောင်ကောင်မှာ နှစ် ၄၀ ကျော် လူ့အခွင့်အရေးကိစ္စရပ်တွေ ဆောင်ရွတ်ခဲ့တာလည်း နိဂုံးချုပ်သွားပါပြီ။ Amnesty International လူ့အခွင့်အရေးအဖွဲ့ဟာ ဟောင်ကောင်မှာ ရုံးဖွင့်လာတာ နှစ် ၄၀ ကျော် ရှိပါပြီ။

ဟောင်ကောင်က ရုံး ၂ ရုံးမှာ ဒေသန္တရရုံးခွဲကို အောက်တိုဘာလကုန်မှာ ပိတ်မှာ ဖြစ်ပြီး ပိစိဖိတ်၊ အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒသဆိုင်ရ သုတေသနနဲ့ လူ့အခွင့်အရေးမြှင့်တင်ရေးလုပ်ဆောင်တဲ့ ရုံးကိုတော့ ဒီနှစ်ကုန်မှာ ပိတ်လိုက်မှာ ဖြစ်ပါတယ်ရှင်။

#HongKong #AmnestyInternational #VOABurmese

===========

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG