သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AI နည်းပညာအတွက် ကုန်ကျစရိတ်ကြီးမားမှု Microsoft နဲ့ Meta ကုမ္ပဏီတွေခုခံပြောကြား


AI ဉာဏ်ရည်တုနည်းပညာကဏ္ဍမှာ တရုတ်နိုင်ငံက Deepseek နည်းပညာကုမ္ပဏီက ကုန်ကျစရိတ် သက်သက်သာသာနဲ့ ကြီးမားတဲ့တိုးတက်မှုရရှိခဲ့တယ်လို့ ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန်က နာမည်ကြီး Microsoft နဲ့ Meta ကုမ္ပဏီတွေရဲ့ အမှုဆောင်အရာရှိချုပ်တွေက AI နဲ့ ပတ်သက်ပြီး သူတို့ရဲ့ ကြီးမားတဲ့အသုံးစရိတ်တွေကို ကာကွယ်ပြောဆိုလိုက်ပါတယ်။

AI ကဏ္ဍမှာ Deepseek ကုမ္ပဏီက အနောက်နိုင်ငံတွေက နည်းပညာကုမ္ပဏီတွေနဲ့ယှဉ်ရင် ကုန်ကျ စရိတ်နည်းနည်းပဲသုံးပြီး သူတို့ရဲ့ နည်းပညာက အနောက်နိုင်ငံကကုမ္ပဏီတွေကို ယှဉ်နိုင်တာ ဒါမှမဟုတ် တချို့ဟာတွေမှာ ပိုပြီးတော့ သာလွန်ကောင်းမွန်နိုင်တာကြောင့် ကမ္ဘာတဝန်းက နည်းပညာကုမ္ပဏီတွေ ကို အံ့အားသင့်သွားစေခဲ့ပြီး AI ကဏ္ဍမှာ အမေရိကန်ရဲ့ ဦးဆောင်မှုကိုလည်း သံသယဖြစ်လာစေခဲ့ပါ တယ်။ ဒါပေမဲ့လည်း အမေရိကန်နည်းပညာကုမ္ပဏီအကြီးအကဲတွေကတော့ ဒီကဏ္ဍမှာ ဆက်ပြီးတော့ ယှဉ်ပြိုင်နိုင်ဖို့အတွက်က ငွေကြေးအမြောက်အများသုံးစွဲနိုင်ဖို့က အဓိကကျပြီး တိုးတက်လာတဲ့ ကုမ္ပဏီတွေရဲ့ လိုအပ်ချက်တွေကိုပြည့်မှီအောင်လုပ်နိုင်ဖို့အတွက် ကြီးမားတဲ့ ကွန်ပျူတာကွန်ရက်တွေ တည်ဆောက်ဖို့ အရေးကြီးတယ်လို့ မနေ့ ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။

ငွေကြေးသုံးစွဲမှုနဲ့ အခြေခံအဆောက်အအုံပိုင်းတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံတာက အချိန်ကြာလာတာနဲ့အမျှ မဟာဗျူဟာအရ အသာစီးရစေမှာဖြစ်တယ်လို့ Meta ကုမ္ပဏီ အကြီးအကဲ Mark Zuckerberg က ပြောပါတယ်။

Microsoft ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Satya Nadellla ကတော့ AI နည်းပညာ စွမ်းရည်ပိုင်းမှာ အကန့်အသတ်တွေကို ကျော်လွှားနိုင်ဖို့ ငွေကြေးသုံးစွဲဖို့လိုတယ်လို့ ပြောပါတယ်။

Microsoft ကုမ္ပဏီကတော့ အခုဘဏ္ဍာရေးနှစ်အတွင်း AI နည်းပညာအတွက် အမေရိကန်ဒေါ်လာ ၈၀ ဘီလျံအသုံးပြုသွားဖို့ လျာထားပြီး Meta ကုမ္ပဏီကတော့ ၆၅ ဘီလျံအသုံးပြုသွားမယ်လို့ ကတိပြုထား ပါတယ်။ တရုတ်နိုင်ငံက Deepseek ကုမ္ပဏီကတော့ သူတို့ရဲ့ AI နည်းပညာမော်ဒယ်အသစ်ကို ထုတ်လုပ်ဖို့အတွက် အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်းလောက်ပဲ ကုန်ကျတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG