သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ ပစိဖိတ် လူ့အခွင့်အရေး အခြေအနေဆိုး

၂၀၁၁ ခုနှစ်အတွင်း အာရှ ပစိဖိတ် ဒေသအတွင်း အစိုးရတချို့ဟာသူတို့ရဲ့ အာဏာကို ဆက်လက် ချုပ်ကိုင်ထားနိုင်ဖို့ နိုင်ငံရေး အတိုက်အခံတွေ အပေါ် နှိပ်ကွပ်မှုတွေ ပိုပြီး များလာတယ်လို့ ကမ္ဘာတဝန်း လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာထောက်ပြနေတဲ့ Amnesty International အဖွဲ့ကြီးက ပြောလိုက်ပါတယ်။

အာရပ်နိုင်ငံတွေမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးနဲ့ အခွင့်အရေးတွေအတွက် ပြည်သူတွေ အုံကြွမှု ဆန္ဒပြ တောင်းဆိုကြတဲ့အပေါ် အာရှဒေသတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေ သတင်းထောက်တွေက အားကျခဲ့ကြတာမို့ အခုလို အစိုးရတွေဖက်က နှိပ်ကွပ်မှုတွေ တိုးလာတာလို့ ဒီကနေ့ ကြာသပတေးနေ့ ထုတ်ပြန်မယ့် Amnesty International ရဲ့ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

အခွင့်အရေး တောင်းဆိုကြသူတွေအပေါ် အာဏာ ချုပ်ကိုင်ထားချင်တဲ့ အစိုးရတွေက လိုအပ်တာထက်ကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ အစိုးရအပေါ် ဝေဖန်သူ ဒါဇင်ပေါင်းများစွာကို ဖမ်းဆီး၊ နှောင့်ယှက်နေတာဟာ ၁၉၈၉ ခုနှစ် တီယန်နင်မင်ရင်ပြင် နှိမ်နှင်းမှုထဲကဆိုရင် အဆိုးဆုံး နိုင်ငံရေး နှိပ်ကွပ်မှုဖြစ်တယ်လို့ Amnesty အဖွဲ့က ဝေဖန်ပါတယ်။

မြောက်ကိုရီးယား နိုင်ငံမှာဆိုရင်လဲ အရင်ထဲက အင်မတန်ကို ဆိုးဝါးနေတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ သမ္မတ Kim Jong Un တက်လာပြီး နောက်မှာလဲ တိုးတက်မှု ရှိမလာဘူးလို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အစိုးရရဲ့ သဘောထား အတွေးအခေါ်နဲ့ မကိုက်ညီသူတွေဟာ မြောက်ကိုရီးယား နိုင်ငံတဝန်းမှာရှိတဲ့ နိုင်ငံရေး အကျဉ်းစခန်း အများအပြားမှာ အကျဉ်း ချခံရနိုင်တယ် ဆိုတာကို အစီရင်ခံစာက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံနဲ့ ဗီယက်နမ် နိုင်ငံတွေမှာတော့ အစိုးရကို ဝေဖန် ဆန့်ကျင်သူတွေကို ထောက်လှမ်းရေးဌာနက အနောင့်အယှက်ပေးတာ၊ နှုတ်ပိတ်တာမျိုးတွေ လုပ်နေတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဘုရင်စနစ်ကိုစော်ကားမှု ဥပဒေအရ အရေးယူမှုတွေ ရပ်သွားအောင် ထိုင်းဝန်ကြီးချုပ်သစ် ယင်းလပ်ခ် ရှင်နဝပ်ထရာ (Yinluck Shinawatra) က မလုပ်နိုင်တဲ့ အပေါ်မှာလဲ Amnesty International လူ့အခွင့်အရေး အဖွဲ့ကြီးရဲ့ နှစ်ပါတ်လည် အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။

This item is part of
XS
SM
MD
LG