သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်ခင် လူ့အခွင့်အရေး ဆိုးဝါးလာဟု AI ထုတ်ပြန်


Amnesty International
Amnesty International

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းက Amnesty International က မြန်မာ့ လူ့အခွင့်အရေးအခြေအနေတွေ ဆုတ်ယုတ် လာနေတယ် လို့ ပြောဆို လိုက်ပါတယ်။ အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ လွတ်လပ် စွာရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ် ခံနေရတာတွေ ရှိလာရုံမက နိုင်ငံရေးသမားတွေကိုရော၊ သတင်းထောက်တွေ ကို သာမက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြတဲ့ လယ်သမားတွေ ကိုပါ ဖမ်းဆီး တာတွေ့ရတယ်လို့ ဆိုပါတယ်။ အကြောင်းစုံကိုတော့ နန်းလောင်ဝ် က ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာနိုင်ငံ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေ နီးကပ်လာတာနဲ့ တပြိုင်တည်း လူ့အခွင့်အရေး နဲ့ အရေးအခြေအနေတွေ ဆုတ်ယုတ်လာနေတယ်လို့ အပြည်ပြည်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး Amnesty International ကပြောခွင့်ရသူ. မစ္စတာ Olof Blomqvist က VOA ကို ပြောဆိုပါတယ်။

"ကျွန်တော်ထင်တယ် ပြီးခဲ့တဲ့ တစ်နှစ် တစ်နှစ်လာက်ကစပြီး မြန်မာနိုင်ငံအတွင်းမှာ လူ့အခွင့်အရေးတွေ ဆိုးဆိုးဝါးဝါး ဆုတ်ယုတ် လာတာတွေ့ရပါတယ်။ အချို့အပိုင်းတွေ မှာ တိုးတက်မှုတွေရှိလာပေမယ့် အချို့ အပိုင်းတွေမှာတော့ အခြေအနေတွေ နောက်ပြန် လှည့် သွားနေတာပါ။ ကန့်သတ် ချက်တွေ လျှော့ပေး တာတွေ ရှိတာနဲ့ အမျှ အချို့ အပိုင်းတွေမှာတော့ ပိုတင်းကြပ် လာပါတယ်။ လွပ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်မရှိတာကတော့ အတော့်ကို စိုးရိမ် စရာကောင်း ပါတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေ အဆိုအရ မြန်မာ အစိုးရက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ ကတိပေးခဲ့ပေမယ့် ဖမ်းဆီးမှုတွေ ထပ်ဖြစ်လာနေပြီး ဒီထဲမှာ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ၊ နိုင်ငံရေးသမားတွေ ၊ သတင်းထောက်တွေ သာမကငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ လယ်သမားတွေလည်း ပါဝင်ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဖမ်းဆီးထား သူတွေကို ခြွင်းချက်မရှိပြန်လွတ်ပေးဖို့ကိုလည်း A I ကတောင်းဆိုလိုက်ပါတယ်။ ဒါတင်မက မြန်မာအစိုးရ တင်းကြပ် ထားတဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ဆန္ဒ ထုတ်ဖော်ခွင့်၊ ရခိုင်ဒေသ ပဋိပက္ခ၊ ဘာသာရေး အဓိကရုဏ်းတွေ နဲ့၊ ပြစ်ဒဏ်စီရင်မှုတွေ စတဲ့အချက်လေးချက်ကို လည်း AI မီးမောင်း ထိုးပြထားတာပါ။ လတ်တလောဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်းက ကိုးကန့်ဒေသ တိုက်ပွဲတွေကိုလည်း AI က အနီးကပ်စောင့်ကြည့်နေ ပါတယ်၊ မြန်မာပြည်တွင်း လက်ရှိ ဖြစ်ပွါးနေတဲ့ အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲတွေအတွင်း ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေတွေ့ ရတယ်လို့ ပြောခွင့်ရသူက VOA ကို ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်အတွင်း ကိုးကန့်ဒေသက စစ်ဘေးရှောင်ဒုက္ခသည်တွေကို သွားကူညီကြ တဲ့ မြန်မာ့ ကြက်ခြေနီယာဉ်တန်း တိုက်ခိုက်ခံရမှုကိုလည်း AI ကရှုတ်ချလိုက်ပြီး ဒီလုပ်ရပ်ဟာ စစ်ရာဇဝတ်မှုမြောက်နိုင်ပြီး အသေးစိတ် စုံစမ်းစစ်ဆေး ဖို့လိုမယ် လို့လည်း ပြောခွင့်ရသူက ဆက်ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်တွင်း လက်ရှိဖြစ်ပွါးနေတဲ့ တိုက်ပွဲတွေအားလုံး ရပ်တန့်ပြီး အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ လူ့အခွင့်အရေး စံချိန်စံနှုန်းအတိုင်း လိုက်နာကြဖို့ မြန်မာအစိုးရကိုAI ကတောင်းဆို လိုက်ပါတယ်။

XS
SM
MD
LG