သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Lego နဲ့ အနုပညာ ဖန်တီးမယ့် Ai Weiwei


တရုတ်ပန်းချီပညာရှင် Ai Weiwei အင်္ဂလန် တော်ဝင်အနုပညာကျောင်းမှာ ပြပွဲလုပ်စဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၅)
တရုတ်ပန်းချီပညာရှင် Ai Weiwei အင်္ဂလန် တော်ဝင်အနုပညာကျောင်းမှာ ပြပွဲလုပ်စဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၅)

တရုတ်နိုင်ငံက အတိုက်အခံအနုပညာရှင် Ai Weiwei က သြစတြေးလျနိုင်ငံမှာကျင်းပဖို့ရှိတဲ့ အနုပညာပြပွဲတခုမှာအသုံးပြုဖို့ စီစဉ်ထားတဲ့ ကလေးကစားစရာ Lego အရုပ်တွေကို အဲဒီ Lego ကုမ္ပဏီကရောင်းချပေးဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက် Twitter နဲ့ Instagram လူမှုကွန်ယက် အသုံးပြုသူတွေက သူ့ကို အဲဒီ Lego ကစားစရာအရုပ်လေးတွေ ပုံးလိုက်ပို့ပေးမယ်လို့ Ai Weiwei ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာ ကတိတွေပေးခဲ့ကြပါတယ်။

ပေးပို့လာတဲ့စာတွေကတော့ #legosforweiwei လို့ ရေးထားပြီး Lego ကုမ္ပဏီက အခုလို ဆင်ဆာလုပ်ထားတဲ့အပေါ်မှာလည်း ဝေဖန်တာတွေ အများအပြားပါဝင်ပါတယ်။ Ai Weiwei က နိုင်ငံရေးအရ အနုပညာတရပ်ဖော်ပြဖို့ Lego ကုမ္ပဏီကထုတ်တဲ့ ကလေး ကစားစရာအတုံးလေးတွေ ပန်ကြားခဲ့တာကို ကုမ္ပဏီက နိုင်ငံရေးကိစ္စဖြစ်နေတဲ့အတွက်ဆိုပြီး ငြင်းဆန်ခဲ့တာဖြစ်တယ်လို့ Ai Weiwei ကပြောပါတယ်။

မဲလ်ဘုန်းမြို့က ဗစ်တိုးရီးယားအမျိုးသားပြတိုက်မှာ ကျင်းပမယ့် ဒီပြပွဲကိုဒီဇင်ဘာ ၁၁ ရက်နေ့မှာ စတင်မှာဖြစ်ပြီး၊ Ai Wei Wei ရဲ့ အနုပညာဖန်တီးမှုတွေထဲက မျဉ်းပြိုင်တွေနဲ့ မျဉ်းဖြတ်တွေကို အဓိကထားပြသသွားမှဖြစ်ပါတယ်။

အိုင်ဝေဝေက ပြသဖို့ စီစဉ်ထားတဲ့အနုပညာဖန်တီးမှု ၄ ခုထဲက တခုက မနှစ်တုန်းက ဆန်ဖရန်စစ္စ်ကိုမှာ ပြသခဲ့တဲ့ပုံစံနဲ့တူမှာဖြစ်ပြီး အဲဒီတုန်းက သူက Lego ကစားစရာအတုံးလေးတွေနဲ့ ယုံကြည်ချက်ကြောင့် ဒါမှမဟုတ် ပတ်သက်မှုတွေကြောင့် ထောင်ချခံထားရတာ ဒါမှမဟုတ် ပြည်ပကိုရှောင်တိမ်းနေရသူ ၁၇၆ ယောက်ရဲ့ ရုပ်ပုံတွေကို ဖန်တီးခဲ့ပါတယ်။

XS
SM
MD
LG