သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ပန်းချီဆရာ Ai Weiwei လွတ်ပြီ


David Beckham arrives at a news conference in Sydney, November 25, 2007. He announced his retirement from football May 16, 2013.
David Beckham arrives at a news conference in Sydney, November 25, 2007. He announced his retirement from football May 16, 2013.

ထင်ရှားတဲ့ အနုပညာရှင် တရုတ် တက်ကြွလှုပ်ရှားသူ အိုင်ဝေေ၀ (Ai Weiwei) ကို ၃ လနီးပါး ဖမ်းဆီးထိန်းသိမ်း ထားခဲ့ပြီး အခုနောက်ဆုံး ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်တဲ့အကြောင်း နိုင်ငံပိုင် သတင်းတွေက ဖော်ပြလိုက်ပါတယ်။ အခွန်မပေးဘဲ ရှောင်တိမ်းနေကြောင်း ဝန်ခံခဲ့သလို သူဟာ နာတာရှည်ရောဂါ ခံစားနေရတာကြောင့် ပြန်လွှတ်ပေးလိုက်တာလို့လည်း ဆင်ဟွာသတင်းက ဖော်ပြခဲ့တာပါ။

ဒါပေမဲ့လည်း သူဟာ ကျန်းမာရေး ကောင်းမွန်နေကြောင်း ဗြိတိသျှရုပ်သံ အစီအစဉ်နဲ့ မေးမြန်းခန်းအတွင်း ပြောဆိုသွားခဲ့ပြီး ထိန်းသိမ်းထားစဉ် ကာလက အခြေအနေတွေကို ပြန်မပြောဖို့ ကန့်သတ်ချက်နဲ့ သူ့ကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel) ကတော့ အခုလို ပြန်လွှတ်ပေးတာဟာ သူ့အပေါ် စွပ်စွဲချက်တွေကို ရှင်းလင်းပေးတဲ့ အထဲက ပထမတဆင့်သာ ဖြစ်တယ်လို့ ပြောဆိုလိုက်တာပါ။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကတော့ ဖမ်းဆီးရာက ပြန်လည် လွတ်မြောက်လာပေမဲ့ တခြား တရုတ်အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေလို ဥပဒေမဲ့ နေအိမ်အကျယ်ချုပ် ချထားတာမျိုး မဖြစ်သင့်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ကမ္ဘာတလွှား အနုပညာ လက်ရာတွေကို ပြသဖူးသူ အိုင်ဝေေ၀ဟာ ဧပြီလဆန်းပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ သူ့လို အနုပညာရှင်တွေနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် ပြည်ပတိုင်းပြည် အများအပြားက သူ့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်အတွင်း တရုတ်အာဏာပိုင်တွေက အတိုက်အခံတွေ၊ လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရှေ့နေတွေနဲ့ တခြားသူတွေ အများအပြားကို ဖမ်းဆီးခဲ့သလို ပြည်ပ စာနယ်ဇင်းသမားတွေနဲ့ အင်တာနက် ဆက်သွယ်မှုတွေ အပါအဝင် သတင်းမီဒီယာတွေကိုလည်း နှိမ်နင်းခဲ့တာပါ။

ဒေသတွင်းက အကဲခတ်တွေကတော့ ဒီလုပ်ရပ်တွေဟာ အာရပ်နိုင်ငံတလွှားက လူထုအုံကြွမှုတွေ တရုတ်နိုင်ငံကို ကူးစက် ပြန့်ပွားလာမှာကို ဟန့်တားမှုအဖြစ် မြင်ကြပါတယ်။

တရုတ်အစိုးရ အာဏာပိုင်တွေဟာ မကြာခဏဆိုသလို အစိုးရအပေါ် ဝေဖန်သူတွေကို စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ အရေးယူပြီး နှုတ်ပိတ်လေ့ ရှိတယ်လို့လည်း နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG