သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းသင့် ဖိလစ်ပိုင်ရပ်ဝေးထိ အကူအညီရောက်ရှိ


အမေရိကန်စစ်သင်္ဘောပေါ်က A MH-60s ရဟတ်ယာဉ်တစင်း ဖိလစ်ပိုင်အစိုးရရဲ့ Damayan မုန်တိုင်းသင့်ပြည်သူတွေ ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ကူညီပြီး ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းသင့်ပြည်သူတွေအတွက် ရေသန့်ပို့ဆောင်စဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
အမေရိကန်စစ်သင်္ဘောပေါ်က A MH-60s ရဟတ်ယာဉ်တစင်း ဖိလစ်ပိုင်အစိုးရရဲ့ Damayan မုန်တိုင်းသင့်ပြည်သူတွေ ကယ်ဆယ်ရေး အစီအစဉ်မှာ ပါဝင်ကူညီပြီး ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းသင့်ပြည်သူတွေအတွက် ရေသန့်ပို့ဆောင်စဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၃)
လူပေါင်း ထောင်နဲ့ချီသေဆုံးခဲ့ရတဲ့ အင်အားပြင်း ဟိုင်ယန် (Haiyan) တိုင်ဖုန်း မုန်တိုင်း တိုက်ခတ်ပြီး ၈ ရက်လောက် ကြာလာတဲ့အထိ တချို့ ဒေသတွေဟာ အကူအညီတွေမရသေးဘဲ ဖြစ်နေချိန် - ဖိလစ်ပိုင်နိုင်ငံရဲ့ ဝေးလံခေါင်ဖျားတဲ့ တချို့ ဒေသတွေဆီကိုတော့ အကူအညီတွေ စတင် ရောက်ရှိနေကြပြီဖြစ်ပါတယ်။

နိုင်ငံအလယ်ပိုင်းက ဖိလစ်ပိုင်ဒုက္ခသည် တော်တော်များများဆီကိုတော့ အစားအစာနဲ့ ရေတွေ စတင်ရရှိနေချိန်မှာ နေစရာမရှိ၊ သောက်ရေ၊ အစားအစာနဲ့ လျှပ်စစ်မီးမရှိ ဖြစ်နေတဲ့ ခန့်မှန်းခြေ သန်းနဲ့ချီတဲ့ ဖိလစ်ပိုင် ဒုက္ခသည်တွေဟာ အကူအညီတွေ နည်းနည်းပဲ ရရှိသေးသလို တချို့ဆိုရင်လည်း အခုထိ လုံးဝကို မရကြသေးပါဘူး။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရကတော့ မုန်တိုင်းသင့်သူတွေကို သူတို့ဘက်က အကူအညီတွေ အတတ်နိုင်ဆုံး ဖြန့်ဝေပေးနေတဲ့အကြောင်း ပြောဆိုထားပါတယ်။ အခုလို အခြေအနေမျိုးမှာ အလျှင်အမြန် ဆောင်ရွက်နိုင်ဖို့ ဆိုတာဟာ အရေးကြီးဆုံးကိစ္စဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး မား ရိုဆတ် (Mar Roxas) က ပြောပါတယ်။မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံလိုက်ရတဲ့ တာကလိုဘန်မြို့မှာ ပြည်ထဲရေးဝန်ကြီးက ပြောသွားခဲ့တာမှာတော့ ချက်ချင်း ဆောင်ရွက်ရမယ့် လိုအပ်ချက်တွေဟာ ကြီးမားလွန်းပြီး လူတိုင်းဆီကို အကူအညီတွေ ရောက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

မုန်တိုင်းကြောင့် တရားဝင်သေဆုံးသူ အရေအတွက်ဟာ အခုဆိုရင် ၃၆၂၁ ယောက်အထိ တိုးလာပြီလို့လည်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဆိုင်ရာ အကြီးအကဲက သတင်းထောက်တွေကို ပြောဆိုသွားခဲ့ပါတယ်။ ဒီအတောအတွင်းမှာပဲ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်က ရဟတ်ယာဉ်တွေဟာလည်း ဝေးလံခေါင်ဖျားတဲ့ ရွာတွေက မုန်တိုင်းသင့် ဒုက္ခသည် တွေဆီ အစားအစာ၊ ရေနဲ့ ဆေးဝါး အကူအညီတွေကို သောကြာနေ့က စတင် ပေးပို့နေပြီဖြစ်ပါတယ်။
XS
SM
MD
LG