သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ AIDS ညီလာခံစတင်

ကမ္ဘာပေါ်က AIDS ရောဂါဆိုင်ရာ ထိပ်တန်းသုတေသီတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ သံတမန်တွေ နဲ့ တခြားတာဝန်ရှိသူ ၂ သောင်းခွဲလောက်ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ ကျင်းပမယ့် နိုင်ငံတကာ AIDS တိုက်ဖျက်ရေး ညီလာခံမှာ စုဝေးတွေ့ဆုံကြမှာ ဖြစ်ပါတယ်။

၂ နှစ်တကြိမ် ကျင်းပနေတဲ့ ဒီညီလာခံကို ဇူလိုင်လ ၂၂ ရက်နေ့က ၂၇ ရက်နေ့အထိ ဝါရှင်တန်မြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။ ဝါရှင်တန်မြို့တော်ဟာ အမေရိကန်နိုင်ငံမှာ HIV ရောဂါပိုး အများဆုံးရှိနေတဲ့ မြို့တွေထဲက တခုဖြစ်ပါတယ်။

အဲဒီညီလာခံမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလရီကလင်တန်၊ အရင်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ သမ္မတကတော်ဟောင်း မစ္စလော်ရာဘုရှ် တို့က မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ မိန့်ခွန်းပြောကြားမယ့် တခြား ထိပ်တန်းပုဂ္ဂိုလ်တွေ အထဲမှာ ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ Jim Yong Kim နဲ့ Microsoft ကုမ္ပဏီဥက္ကဋ္ဌ Bill Gates တို့လည်း ပါဝင်ပါတယ်။

ကမ္ဘာပေါ်မှာ HIV/AIDS ရောဂါဖြစ်နေသူ ၃၄ သန်းရှိပြီး၊ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က ဒီရောဂါကြောင့် သေဆုံးသူ ၁.၇ သန်းရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
This item is part of

ဆက်စပ်သတင်းများ ...

XS
SM
MD
LG