သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအတွက် AIDS ရောဂါ ကာကွယ်ရေး လိမ်းဆေးသစ် ရှာဖွေတွေ့ရှိ

AIDS ရောဂါ တိုက်ဖျက်ရေးမှာ အမျိုးသမီးတွေရဲ့ ကိုယ်အင်္ဂါ လိမ်းဆေးကနေ ရောဂါကူးစက်မှုနှုန်းကို လျှော့ချနိုင်တဲ့အထိ အောင်မြင်မှုတခု ရခဲ့ကြောင်း အစီရင်ခံစာတွေ ထွက်ပေါ်လာတဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးနဲ့ ကုလသမဂ္ဂ AIDS ရောဂါဆိုင်ရာ အဖွဲ့ကြီးက ချီးကျူးလိုက်ပါတယ်။

ကုလသမဂ္ဂ AIDS ရောဂါဆိုင်ရာ အကြီးအကဲ မိုက်ကယ် ဆစ်ဒစ်ဘ် (Michel Sidibe) က ဒါဟာ ရောဂါ ကူးစက်ခံနေရသူ အမျိုးသမီးတွေအတွက် မျှော်လင့်ချက် တခုပဲလို့ ပြောပါတယ်။ ဒါ့အပြင် ဒါဟာ အမျိုးသမီးတွေ ဆုံးဖြတ် ရွေးချယ်ရမယ့် နည်းလမ်းဖြစ်ပြီး သူတို့ကိုယ်တိုင် ရောဂါကူးစက်ခံရမှု ထိန်းချုပ်နိုင်မှာ ဖြစ်တယ်လို့ ဗီယင်နာမှာ ကျင်းပနေတဲ့ နိုင်ငံတကာ AIDS ရောဂါဆိုင်ရာ ညီလာခံကြီးရဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

WHO အကြီးအကဲ မာဂရက် ချန်း (Margaret Chan) ကလည်း ဒီလိမ်းဆေးကို တရားဝင် သုံးစွဲခွင့် ရရချင်း အမြန်ဆုံး ဖြန့်ဖြူးနိုင်အောင် WHO အဖွဲ့ကြီးက အမြန်ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ဒီဆေးကို လူထုကြားမှာ ပေးပြီး မသုံးစွဲခင် ရောဂါပိုး မပြန့်စေဖို့နဲ့ စိတ်ချရစေဖို့အတွက် သေသေချာချာ စစ်ဆေး စမ်းသပ်ဖို့ လိုအပ်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG