သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှုဘဏ်နှင့် ရည်ရွယ်ချက်


AIIB ဘဏ်အတွက် MoU နားလည်မှု စာချွန်လွှာ ရေးထိုးနေကြစဉ်။
AIIB ဘဏ်အတွက် MoU နားလည်မှု စာချွန်လွှာ ရေးထိုးနေကြစဉ်။

အနာဂတ် ကမ္ဘာ့နိုင်ငံရေးနဲ့ စီးပွားရေးလောကမှာ အဓိက အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာဖို့ အလားအလာ ရှိနေတဲ့ AIIB - အာရှ အခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှုဘဏ်မှာ အဖွဲ့ဝင် အဖြစ် လျှောက်ထားတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်ပါတယ်။ ဒီဘဏ်ကို တည်ထောင်ဖို့ ကမကထပြုထားတဲ့ တရုတ်နိုင်ငံက မတ်လ ၃၁ ရက်နေ့ကို အဖွဲ့ဝင်အဖြစ် လျှောက်ထားခွင့် နောက်ဆုံးရက် အဖြစ် သတ်မှတ်ခဲ့တဲ့ ဒီဘဏ်ဟာ အမေရိကန်က ဦးဆောင်တဲ့ ကမ္ဘာ့ဘဏ်လို့ နိုင်ငံတကာ ငွေကြေး အဖွဲ့အစည်းကြီးတွေကို စိန်ခေါ်ဖို့ တရုတ်အစိုးရက စင်ပြိုင်အဖွဲ့အစည်းအဖြစ် တည်ထောင်ခြင်းဖြစ်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ထွက်နေတာပါ။ စတင် တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်၊ တရုတ်နိုင်ငံနဲ့ နိုင်ငံရေး စီးပွားရေးအရ ထိတွေ့ဆက်ဆံမှု အများဆုံးလည်းဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ဒီ AIIB ဘဏ်က ဘယ်လို အကူအညီတွေ ပေးနိုင်ပါမလဲဆိုတာတွေကို သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး တဦးဖြစ်တဲ့ ဒေါက်တာ ဇော်ဦးနဲ့ ဆက်သွယ် မေးမြန်းထားတာကို အခု သီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ အပိုင်း (၁) အဖြစ်နဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG