သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ဂျီးရီးယားလေယာဉ် ဝေဟင်မှာပျောက်ဆုံး


Algerie လေယာဉ် နောက်ဆုံး ရေဒါအဆက်အသွယ်ပြတ်တောက်သွားတဲ့ မြေပုံ။
Algerie လေယာဉ် နောက်ဆုံး ရေဒါအဆက်အသွယ်ပြတ်တောက်သွားတဲ့ မြေပုံ။

လူပေါင်း ၁၁၆ ယောက် ထက်မနည်း လိုက်ပါသွားတဲ့ အယ်လ်ဂျီးရီးယား လေယာဉ် တစင်း Burkina Faso နိုင်ငံမြို့တော်ကနေ Algeria မြို့တော် အယ်လ်ဂျီးယာ့(စ်) Algiers ကို ပျံသန်းနေစဉ် ဒီကနေ့ လမ်းမှာ ပျောက်သွားခဲ့လို့ အခု လေယာဉ် ရှာဖွေရေး စတင် လုပ်ဆောင်နေကြ ပါပြီ။ လေယာဉ်ဟာ လမ်းမှာ ပျက်ကျသွားခဲ့ တာလို့ အမည်မဖော်လိုသူ အယ်လ်ဂျီးရီးယား အရာရှိတဦးကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြထားပေမဲ့ အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း ကတော့ လေယာဉ်ဟာ ပျောက်ဆုံးနေတဲ့ အခြေအနေမှာပဲ ရှိတာပါလို့ ဆိုပါတယ်။


ပျောက်ဆုံးလေယာဉ်မှာ ခရီးသည် ၁၁၀ ယောက်နဲ့ လေယာဉ်ဝန်ထမ်း ၆ ယောက် လိုက်ပါသွားခဲ့တယ်လို့ အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းက ကြေညာချက် ထုတ်ထားပါတယ်။ ခရီးသည်တွေထဲမှာ ပြင်သစ် နိုင်ငံသား ၅၀၊ Burkina Faso နိုင်ငံသား ၂၄ ယောက်၊ လက်ဘနွန်နိုင်ငံသား ၈ ယောက်၊ စပိန်နိုင်ငံသား ၆ ယောက်၊ အယ်လ်ဂျီးရီးယား ၆ ယောက်နဲ့ တခြား နိုင်ငံတွေက လူတချို့ ပါဝင်တယ်လို့လည်း ဆိုပါတယ်။


အယ်လ်ဂျီးရီးယား နယ်စပ်နဲ့ Gao မြို့ကြား မာလီနိုင်ငံ မြောက်ပိုင်းမှာ ပျောက်သွားခဲ့တဲ့ MD-83 လေယာဉ် ဘာကြောင့် ပျောက်ဆုံးခဲ့တယ်ဆိုတဲ့ ဖြစ်နိုင်ချေတွေကို စုံစမ်းစစ်ဆေးသူတွေကို ရှာဖွေနေကြပါတယ်။ အဲဒီဒေသမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေ နှစ်စင်းကလည်း ပျောက်နေတဲ့လေယာဉ်ကို ရှာဖွေနေကြပါတယ်။

XS
SM
MD
LG