ပျက်ကျသွားတဲ့ အဲ Air Algerie လေယာဉ်ပျက်ရှိရာနေရာကို ရှာဖွေနေသူတွေက တွေ့ရှိထားပြီလို့ မာလီနိုင်ငံ သမ္မတ Ibrahim Boubacar Keita ကပြောပါတယ်။ Burkina Faso ကနေ Algeria ကို ပျံသန်းနေစဉ် Air Algerie လေယာဉ်ဟာ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပျက်ဟာ Mali နိုင်ငံ အရှေ့မြောက်ပိုင်း သဲ ကန္တာရ ဒေသမှာ ရှိနေတယ်လို့ မစ္စတာ ကီယာတာ က ပြောပါတယ်။ Bamako မြို့မှာ ကျင်းပနေတဲ့ အစည်းဝေးတခုအတွင်း မစ္စတာ Keita က အခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။
အသက်ရှင်ကျန်ရစ်သူ ရှိမရှိဆိုတာကိုတော့ ပြောဆိုခြင်းမရှိပါဘူး။ တာဝန်ရှိသူတွေ အပြောအရ လေယာဉ်ပေါ်မှာ လူ ၁၁၆ ဦး လိုက်ပါသွားတယ်လို့ ဆိုပါတယ်။
အာဖရိက အနောက်ပိုင်းမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေ ကလည်း လေယာဉ်ပျက်ရှာဖွေရာမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ စောစောပိုင်း ကတော့ အဲဒီလေယာဉ်ဟာ ပျက်ကျသွားတာဖြစ်ဖို့ များတယ်လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။