သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးသက်သာ Air Asia လေကြောင်း မလေးရှား-ရန်ကုန် ပြေးဆွဲမည်

ဈေးသက်သာ Air Asia လေကြောင်း မလေးရှား-ရန်ကုန် ပြေးဆွဲမည်
ဈေးသက်သာ Air Asia လေကြောင်း မလေးရှား-ရန်ကုန် ပြေးဆွဲမည်

ဈေးနှုန်းချိုသာတဲ့ မလေးရှားနိုင်ငံက Air Asia လေကြောင်းလိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ရှေ့လကစလို့ ပြေးဆွဲတော့မှာ ဖြစ်တဲ့အကြောင်း ကြေညာလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ ရန်ကုန်မြို့ကို ပြေးဆွဲမယ့် ခရီးစဉ်တွေကို ဇူလိုင်လ ၂၀ ရက်နေ့မှာ စတင်မှာဖြစ်ပြီး ခရီးစဉ်အစမှာ အထူးဈေးနှုန်းအဖြစ် တကြောင်းသွား ခရီးစဉ်တွေကို မလေးရှားငွေ ၂၉ ရင်းဂစ် (အမေရိကန် ဒေါ်လာ ၁၂ ဒေါ်လာခွဲ) လောက်သာ ယူမယ်လို့လည်း လေကြောင်းလိုင်းက ဒီကနေ့မှာပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်တာပါ။ လက်မှတ်တွေကိုတော့ ဇွန်လ ၁၄ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ အထူးနှုန်းနဲ့ ကြိုတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

ခရီးသည် ၁၈၀ တင်ဆောင်နိုင်တဲ့ Airbus A-320 အမျိုးအစား လေယာဉ်ကို အသုံးပြုသွားမှာ ဖြစ်တယ်လို့လည်း ကုမ္ပဏီ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ အရှေ့တောင်အာရှ နိုင်ငံတွေကြား ခရီးသွားလုပ်ငန်းတွေ တွင်ကျယ်လာစေဖို့ ရည်ရွယ်ပြီး အခုလို ပြေးဆွဲမှာ ဖြစ်တဲ့အကြောင်းလည်း Air Asia လေကြောင်းလိုင်းရဲ့ အရာရှိတဦးက ပြောပါတယ်။

လတ်တလောမှာတော့ Air Asia ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ရန်ကုန်ကို ပြေးဆွဲနေတာပါ။ အခုအခါ ဥရောပ၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျနဲ့ အာဆီယံနိုင်ငံတွေ အပါအဝင် ကမ္ဘာတဝန်းက ခရီးသွားတွေဟာ မလေးရှားကတဆင့် မြန်မာနိုင်ငံကို ဈေးချိုချိုနဲ့ ခရီးသွားနိုင်တဲ့ လမ်းကြောင်းကို ရွေးချယ်လာကြကြောင်းလည်း Air Asia ဒေသဆိုင်ရာ ကြော်ငြာဌာန အကြီးအကဲဖြစ်တဲ့ ကက်သ်လင်း တန် (Kathleen Tan) က ပြောပါတယ်။

This item is part of
XS
SM
MD
LG