သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Air Asia ပျက်ကျလေယဉ်ရဲ့ Black Box ရှာတွေ့


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ AirAsia လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် Black Box
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ AirAsia လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် Black Box

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပျက်ကျခဲ့တဲ့ AirAsia လေယာဉ်က ပျံသန်းမှု မှတ်တမ်းတင် Black Box တလုံးကို ဆယ်ယူနိုင်ခဲ့ပြီးနောက် ရှာဖွေရေး အခြေစိုက်စခန်းကို ရောက်ရှိလာပါတယ်။

ပင်လယ်တွင်းက ဆယ်ယူရရှိလာတဲ့ မှတ်တမ်းတင် စက်တလုံးကိုတော့ ဒီကနေ့မှာပဲ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှု ကော်မတီက တဆင့် ဂျကာတာမြို့တော်ကို ဆက်လက်ပို့ဆောင်ပြီး စစ်ဆေးသွားမှာပါ။ ပင်လယ်ထဲ ပျက်ကျသွားခဲ့တဲ့ AirAsia လေယာဉ် ၈၅၀၁ ရဲ့ တောင်ပံ အောက်က တွေ့ရှိခဲ့တဲ့ ပျံသန်းမှုမှတ်တမ်းတင်စက်ကနေ လေယာဉ်မတော်တဆမှု ဖြစ်ရတဲ့ အကြောင်းရင်းကို သိရလိမ့်မယ်လို့လည်း တာဝန်ရှိသူတွေက မျှော်လင့်နေကြပါတယ်။ လေယာဉ်အမြီးပိုင်းမှာ တပ်ဆင်ထားတဲ့အသံနဲ့ ပျံသန်းမှုမှတ်တမ်းတင် Black Box တလုံးကိုလည်း ရေငုပ်သမားတွေက ဆက်လက် ရှာဖွေနေကြပြီး အရေးပေါ် အချက်ပြတဲ့ အသံတွေအရ ရရှိထားပြီးဖြစ်တဲ့ ပျံသန်းမှု မှတ်တမ်းတင်စက်နဲ့ မလှမ်းမကမ်းမှာ ရှိလိမ့်မယ်လို့လည်း ခန့်မှန်းထားကြတာပါ။

စုံစမ်းစစ်ဆေးသူတွေကတော့ လေယာဉ် ပျံသန်းမှု မှတ်တမ်းတင် ကရိယာတွေထဲက အချက်အလက်တွေ အားလုံးကို ရနိုင်ဖို့ သီတင်း ၂ ပတ်လောက် အထိ ကြာနိုင်သလို၊ Black Box တွေ ကြီးကြီးမားမား ထိခိုက် ပျက်စီးတာမျိုး မရှိဘူးဆိုရင်တော့ ရက်ပိုင်းအတွင်းမှာ ရနိုင်တယ်လို့လည်း ပြောပါတယ်။ AirAsia လေကြောင်းလိုင်းရဲ့ A-320 အမျိုးအစား လေယာဉ်ဟာ ခရီးသည်နဲ့ လေယာဉ်ဝန်ထမ်း ၁၆၂ ယောက်နဲ့အတူ ပျံသန်းရင်း လွန်ခဲ့တဲ့ သီတင်း ၂ ပတ်ကျော်ကပဲ ပျောက်ဆုံးသွားခဲ့တာပါ။ လေယာဉ်ပေါ်မှာ လိုက်ပါသွားသူတွေအားလုံး သေဆုံးသွားခဲ့ပြီး အခုအချိန်အထိ အလောင်း ၅၀ လောက်သာ ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်။

XS
SM
MD
LG