သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျောက်ဆုံး AirAsia လေယာဉ် ပင်လယ်ကြမ်းပြင် ရောက်ဖွယ်ရှိ

A crew of an Indonesian Air Force C-130 airplane of the 31st Air Squadron uses binoculars to scan the horizon during a search operation for the missing AirAsia flight 8501 jetliner over the waters of the Karimata Strait in Indonesia, Dec. 29, 2014.
1/6 A crew of an Indonesian Air Force C-130 airplane of the 31st Air Squadron uses binoculars to scan the horizon during a search operation for the missing AirAsia flight 8501 jetliner over the waters of the Karimata Strait in Indonesia, Dec. 29, 2014.
A relative of AirAsia flight 8501 passengers weeps as she waits for the latest news on the missing jetliner at Juanda International Airport in Surabaya, East Java, Indonesia, Dec. 28, 2014.
2/6 A relative of AirAsia flight 8501 passengers weeps as she waits for the latest news on the missing jetliner at Juanda International Airport in Surabaya, East Java, Indonesia, Dec. 28, 2014.
A member of the Indonesian National Search and Rescue Agency (BASARNAS) points to a map of a search area during a briefing prior to a search and rescue operation of the missing AirAsia flight 8501, at Pangkal Pinang command post in Sumatra Island, Indonesia, Dec. 29, 2014.
3/6 A member of the Indonesian National Search and Rescue Agency (BASARNAS) points to a map of a search area during a briefing prior to a search and rescue operation of the missing AirAsia flight 8501, at Pangkal Pinang command post in Sumatra Island, Indonesia, Dec. 29, 2014.
Relatives of passengers onboard AirAsia flight 8501 cry in a waiting area at Juanda International Airport in Surabaya, Indonesia, Dec. 29, 2014.
4/6 Relatives of passengers onboard AirAsia flight 8501 cry in a waiting area at Juanda International Airport in Surabaya, Indonesia, Dec. 29, 2014.
Members of Indonesia's Marine Police pray on board a search and rescue ship before a search operation for the missing AirAsia flight 8501, at Pangkal Pinang port in Sumatra Island, Indonesia, Dec. 29, 2014.
5/6 Members of Indonesia's Marine Police pray on board a search and rescue ship before a search operation for the missing AirAsia flight 8501, at Pangkal Pinang port in Sumatra Island, Indonesia, Dec. 29, 2014.
Relatives of passengers on the AirAsia flight 8501 wait for the latest news on the search for the missing jetliner at Juanda International Airport in Surabaya, East Java, Indonesia, Dec. 29, 2014.
6/6 Relatives of passengers on the AirAsia flight 8501 wait for the latest news on the search for the missing jetliner at Juanda International Airport in Surabaya, East Java, Indonesia, Dec. 29, 2014.
Previous slide
Next slide

ပျောက်ဆုံးနေတဲ့ Air Asia လေယာဉ်ဟာ ပင်လယ်ပြင်အောက်ထဲမှာ ရောက်နေလောက်ပြီလို့ အင်ဒိုနီးရှား ရှာဖွေရေးနဲ့ကယ်ဆယ်ရေးအဖွဲ့ အကြီးအကဲက ပြောကြားလိုက်ပါတယ်။

ခရီးသည်နဲ့လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၆၂ ဦး ပါသွားတဲ့ Airbus 320 အမျိုးအစား အဲဒီ လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ Java ပင်လယ်ပြင်အတွင်းမှာ တနင်္ဂနွေနေ့က ပျက်ကျသွားခဲ့တယ်လို့ ယူဆရကြောင်း အဲဒီ ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ Bambang Sulistyo က သတင်းထောက်တွေကို ဒီကနေ့ ပြောလိုက်တာပါ။

သောကဖိစီးနေကြတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေက မျှော်လင့်ချက်တစုံတရာ ထွက်လာနိုးနဲ့ စောင့်ဆိုင်းနေကြတဲ့အချိန်မှာပဲ ဒီကနေ့ ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက် ပြုလုပ်နေပါတယ်။ သင်္ဘောတွေ၊ လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ရှာဖွေရေးလုပ်ငန်းတွေကို ဆက်လက် ပြုလုပ်နေကြတာမှာ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာကလည်း ကူညီရှာဖွေပေးဖို့ အဆိုပြုထားကြပါတယ်။

ဈေးနှုန်းသက်သက်သာသာနဲ့ စီးလို့ရတဲ့ Air Asia လေယာဉ်ဟာ အင်ဒိုနီးရှားနိုင်ငံ Surabaya မြို့ကနေ စင်ကာပူနိုင်ငံကို ထွက်ခွာနေချိန်၊ ဒေသ စံတော်ချိန် တနင်္ဂနွေနေ့ မနက် ၇ နာရီ ၂၄ မိနစ်မှာ ပျောက်သွားခဲ့တာပါ။ လေယာဉ်စထွက်ပြီး ၄၂ မိနစ်အကြာ ခရီးစဉ်တဝက်နီးပါးလောက် ရောက်ချိန်မှာ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။

အခုလေယာဉ်ဟာ မလေးရှားနိုင်ငံ အခြေစိုက် AirAsia ကုမ္ပဏီ ဌာနတခုဖြစ်တဲ့ AirAsia Indonesia ရဲ့ စီမံခန့်ခွဲမှုအောက်မှာ လည်ပတ်နေတဲ့ ခရီးသည်တင် လေယာဉ်ပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG