သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ AirAsia လေယာဉ်ကိုယ်ထည် တွေ့ပြီ


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပင်လယ်ပြင်မှာ ပြီးခဲ့တဲ့လထဲ ပျက်ကျသွားခဲ့တဲ့ AirAsia လေကြောင်းလိုင်းရဲ့ ဂျက်လေယာဉ် ကိုယ်ထည်ရှိရာ နေရာကို စင်္ကာပူရေတပ်သင်္ဘောတွေက ရှာဖွေတွေ့ရှိခဲ့တဲ့အကြောင်း စင်္ကာပူကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

ပင်လယ်ရေအောက် ကြမ်းပြင်ပေါ်မှာ လေယာဉ်ပျက်က အတောင်ပံနဲ့ စာတွေရေးထားတဲ့ လေယာဉ် ကိုယ်ထည် ပုံတွေကိုတော့ ရေအောက်ကို စေလွှတ်ခဲ့တဲ့ ယာဉ်ကနေ မှတ်တမ်းတင် ရိုက်ယူနိုင်ခဲ့တာ ဖြစ်တဲ့အကြောင်းလည်း စင်္ကာပူ ကာကွယ်ရေးဝန်ကြီး NgEng Hen က Facebook အင်တာနက် လူမှုကွန်ယက်ကတဆင့် ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။ လေယာဉ်ပျက်ကို ရှာဖွေ ဆယ်ယူနိုင်ဖို့ အင်ဒိုနီးရှား အာဏာပိုင်တွေကို အကြောင်းကြားထားပြီးပြီလို့လည်း ပြောပါတယ်။

လေယာဉ်ပျက်ကနေ ပျံသန်းမှု မှတ်တမ်းတင် Black Box တွေကိုတော့ ဒီတပတ် အစောပိုင်းမှာပဲ အင်ဒိုနီးရှား ရေငုပ်သမားတွေ ရှာဖွေဆယ်ယူ ထားတာပါ။ အင်ဒိုနီးရှားနိုင်ငံ Surabaya ကနေ စင်္ကာပူနိုင်ငံကို ပျံသန်းတဲ့ ၂ နာရီကြာ ခရီးစဉ်လမ်းတဝက် ဂျာဗားပင်လယ်ပြင် မြောက်ပိုင်းမှာပဲ လေယာဉ်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ကပဲ ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ခရီးသည်နဲ့ ဝန်ထမ်း စုစုပေါင်း ၁၆၂ ယောက်ထဲက အခုအချိန်အထိတော့ အလောင်းစုစုပေါင်း ၄၈ လောင်းသာ ပြန်လည် ဆယ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG