သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ Air Asia လေယာဉ် ကြိုတင်ခွင့်ပြုချက်မရဘဲ ပျံသန်း


Parts of AirAsia QZ8501, recovered from the Java Sea, are carried by Indonesian Airforce and Search and Rescue crew members after they were offloaded from a U.S. Navy helicopter at the airport in Pangkalan Bun, Central Kalimantan January 5, 2015. Indonesi
Parts of AirAsia QZ8501, recovered from the Java Sea, are carried by Indonesian Airforce and Search and Rescue crew members after they were offloaded from a U.S. Navy helicopter at the airport in Pangkalan Bun, Central Kalimantan January 5, 2015. Indonesi

မုန်တိုင်းထန်နေတဲ့ Java ပင်လယ်ကိုဖြတ်ပြီး ပျံသန်းနေရာကနေ ပျောက်ဆုံးသွားခဲ့တဲ့ AirAsia လေယာဉ်ခရီးစဉ် ၈၅၀၁ ကို စနစ်တကျ လိုအပ်တဲ့ အတည်ပြုချက်တွေမရှိဘဲ ပျံသန်းခွင့်ပြုလိုက်တယ်ဆိုတဲ့အချက် ပေါ်ထွက်လာခဲ့ပြီးတဲ့နောက် အင်ဒိုနီရှားအစိုးရက လေကြောင်းဆိုင်ရာတာဝန်ရှိသူအများအပြားကို တာဝန်က ရပ်ဆိုင်းထားလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံကနေ စင်္ကာပူနိုင်ငံကို ပျံသန်းနေစဉ်ပျက်ကျသွားတဲ့ ခရီးသည်တင်လေယာဉ်နဲ့ လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ခရီးသည်တွေရဲ့ရုပ်အလောင်းတွေ လိုက်လံရှာဖွေနေမှု (၉) ရက်မြောက်နေ့မှာ အခုလို အရေးယူတဲ့သတင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

လေယာဉ်ပေါ်မှာ ဝန်ထမ်းနဲ့ခရီးသည် စုစုပေါင်း ၁၆၂ ဦး လိုက်ပါသွားပြီး အဲဒီအထဲက ရုပ်အလောင်း ၃၇ လောင်း ကို ရှာဖွေတွေ့ရှိထားပြီ ဖြစ်ပါတယ်။

နိုင်ငံတော်တော်များများက ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေဟာ ပင်လယ်ပြင်အတွင်းမှာ ဆက်လက် ရှာဖွေနေကြပါတယ်။ လေယာဉ်ပျက်ရဲ့ ကိုယ်ထည် ရှိနေတယ်လို့ ယုံကြည်ရတဲ့နေရာမှာ ရေစီးအလွန်သန်နေတာကြောင့် ရေငုပ်ရှာဖွေသူတွေမှာ အခက်ခဲကြုံနေရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေယာဉ်မထွက်ခွာခင်နဲ့ လေယာဉ်နဲ့ နောက်ဆုံးအဆက်သွယ်ရရှိချိန်မှာ လေယာဉ်မှူးတွေက မုန်တိုင်းကိုကျော်နိုင်အောင် ပိုမိုမြင့်တဲ့ အမြင့်ကနေ ပျံသန်းဖို့ တောင်းဆိုခဲ့ပေမယ့် တခြားလေယာဉ်တွေ ရှိနေတာကြောင့် ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။

အင်ဒိုနီးရှား Surabaya ကနေ Singapore ကို ပျံသန်းဖို့အတွက် လေကြောင်းလိုင်းကို တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး စနေနေ့တွေမှာ ပျံသန်းဖို့ ခွင့်ပြုထားပေမယ့် တနင်္ဂနွေနေ့မှာ ထွက်ခွာပျံသန်းခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောဆိုပါတယ်။

XS
SM
MD
LG