သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္ အမ်ားအျပားရပ္ဆိုင္း


Zawgyi

ကိုဗစ္ကူးစက္မႈေတြေၾကာင့္ ႏိုင္ငံတကာ ေလေၾကာင္းခရီးစဥ္ အမ်ားအျပားရပ္ဆိုင္း

ခရစ္စမတ္နဲ႔ ႏွစ္သစ္ကူးအားလပ္ရက္ ခရီးသြားရာသီကို ေရာက္ေနေပမဲ့ ေလယာဥ္ဝန္ထမ္းေတြမွာ အိုမီခရြန္ကိုဗစ္ပိုးသစ္ကူးစက္မႈ တိုးလာေနတာေၾကာင့္ အဓိကေလေၾကာင္းလိုင္းအနည္းဆံုး ၃ ခုမွာ ဒါဇင္နဲ႔ခ်ီတဲ့ ေလယဥ္ခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ရပါတယ္။

ဂ်ာမဏီအေျခစိုက္ Lufthansa ေလေၾကာင္းလိုင္းက သူတို႔ရဲ႕ ေလယာဥ္မႈးအမ်ားအျပား ဖ်ားနာခြင့္တင္ၾကတဲ့အတြက္ ဒါဇင္နဲ႔ခ်ီတဲ့ ေလေၾကာင္း ခရီးစဥ္ေတြကို ဖ်က္သိမ္းပစ္ခဲ့ရတယ္လို႔ ေသာၾကာေန႔မွာ ေျပာပါတယ္။ ခရီးသြားရာသီအတြက္ ဝန္ထမ္းေတြ တိုးခ်ထားတဲ့ၾကားကပဲ အေမရိကန္ႏိုင္ငံ Houston ၊ ေဘာ့စတြန္နဲ႔ ဝါရွင္တန္ၿမိဳ႕ ေတြကို ပ်ံသန္းမယ့္ ခရီးစဥ္ေတြကို ဖ်က္သိမ္းခဲ့ရတယ္လို႔ ေျပာပါတယ္။

အေမရိကန္အေျခစိုက္ Delta နဲ႔ United ေလေၾကာင္းလိုင္းေတြကလည္း သူတို႔ဝန္ထမ္းေတြ အိုမီခရြန္ကိုဗစ္ပိုး ကူးစက္ခံေနရတဲ့ အတြက္ ခရစ္စမတ္အႀကိဳ ထြက္ခြါမယ့္ ခရီးစဥ္တခ်ိဳ႕ဖ်က္သိမ္းခဲ့ရတယ္လို႔ ေျပာပါတယ္။ United ေလေၾကာင္းလိုင္းက ခရီးစဥ္ ၁၆၉ ခုနဲ႔ Deltaေလေၾကာင္းလိုင္းက ခရီးစဥ္ ၁၂၇ ခုကို ဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။ ခရီးသည္ေတြအတြက္ ခရီးစဥ္ေတြအဆင္ေျပေအာင္ အတတ္ႏိုင္ဆံုး စီစဥ္ေပးမွာ ျဖစ္ေၾကာင္းလည္း ေလေၾကာင္းလိုင္းေတြက ေျပာပါတယ္။

ကိုဗစ္ပိုးသစ္ကူးစက္မႈ တိုးလာေနတာနဲ႔ အမွ် ေဆးရံုေတြ၊ ရဲဌာနေတြ၊ ကုန္တိုက္ေတြနဲ႔ တျခားအမ်ားျပည္သူ ဝန္ေဆာင္မႈ လုပ္ငန္းေတြမွာ ဝန္ထမ္းေတြ အျပည့္တာဝန္ယူႏိုင္ဖို႔ ဌာနမ်ားအျပားက ႐ုန္းကန္ေနၾကရတာ ျဖစ္ပါတယ္။

စပိန္နဲ႔ ၿဗိတိန္ အပါအဝင္ ႏိုင္ငံအမ်ားအျပားမွာ ဝန္ထမ္းမလံုေလာက္တဲ့ ျပႆနာနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ကိုဗစ္ ၁၉ အတြက္ quarantines လုပ္ဖို႔ အစိုးရေတြ သတ္မွတ္ထားတဲ့ ရက္ကို ျပင္ဆင္တာ ေလ ွ်ာ့ခ်တာေတြ လုပ္ေဆာင္ေနၾကပါတယ္။ အေမရိကန္ႏိုင္ငံမွာလည္း ၾကာသပေတးေန႔ကပဲ ကိုဗစ္ ၁၉ အတြက္ သီးျခားခြဲေနရတဲ့ စည္းကမ္းကို က်န္းမာေရးလုပ္သားေတြ အတြက္ပဲ ရက္ေလွ်ာ့ခ်သတ္မွတ္ဖို႔ျပင္ဆင္ေပးခဲ့တာပါ။

##

တိုက္႐ိုက္ လင့္ခ္

Unicode

ကိုဗစ်ကူးစက်မှုတွေကြောင့် နိုင်ငံတကာ လေကြောင်းခရီးစဉ် အများအပြားရပ်ဆိုင်

ခရစ်စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက် ခရီးသွားရာသီကို ရောက်နေပေမဲ့ လေယာဉ်ဝန်ထမ်းတွေမှာ အိုမီခရွန်ကိုဗစ်ပိုးသစ်ကူးစက်မှု တိုးလာနေတာကြောင့် အဓိကလေကြောင်းလိုင်းအနည်းဆုံး ၃ ခုမှာ ဒါဇင်နဲ့ချီတဲ့ လေယဉ်ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရပါတယ်။

ဂျာမဏီအခြေစိုက် Lufthansa လေကြောင်းလိုင်းက သူတို့ရဲ့ လေယာဉ်မှုးအများအပြား ဖျားနာခွင့်တင်ကြတဲ့အတွက် ဒါဇင်နဲ့ချီတဲ့ လေကြောင်း ခရီးစဉ်တွေကို ဖျက်သိမ်းပစ်ခဲ့ရတယ်လို့ သောကြာနေ့မှာ ပြောပါတယ်။ ခရီးသွားရာသီအတွက် ဝန်ထမ်းတွေ တိုးချထားတဲ့ကြားကပဲ အမေရိကန်နိုင်ငံ Houston ၊ ဘော့စတွန်နဲ့ ဝါရှင်တန်မြို့ တွေကို ပျံသန်းမယ့် ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။

အမေရိကန်အခြေစိုက် Delta နဲ့ United လေကြောင်းလိုင်းတွေကလည်း သူတို့ဝန်ထမ်းတွေ အိုမီခရွန်ကိုဗစ်ပိုး ကူးစက်ခံနေရတဲ့ အတွက် ခရစ်စမတ်အကြို ထွက်ခွါမယ့် ခရီးစဉ်တချို့ဖျက်သိမ်းခဲ့ရတယ်လို့ ပြောပါတယ်။ United လေကြောင်းလိုင်းက ခရီးစဉ် ၁၆၉ ခုနဲ့ Deltaလေကြောင်းလိုင်းက ခရီးစဉ် ၁၂၇ ခုကို ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ ခရီးသည်တွေအတွက် ခရီးစဉ်တွေအဆင်ပြေအောင် အတတ်နိုင်ဆုံး စီစဉ်ပေးမှာ ဖြစ်ကြောင်းလည်း လေကြောင်းလိုင်းတွေက ပြောပါတယ်။

ကိုဗစ်ပိုးသစ်ကူးစက်မှု တိုးလာနေတာနဲ့ အမျှ ဆေးရုံတွေ၊ ရဲဌာနတွေ၊ ကုန်တိုက်တွေနဲ့ တခြားအများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ဝန်ထမ်းတွေ အပြည့်တာဝန်ယူနိုင်ဖို့ ဌာနများအပြားက ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

စပိန်နဲ့ ဗြိတိန် အပါအဝင် နိုင်ငံအများအပြားမှာ ဝန်ထမ်းမလုံလောက်တဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတာကြောင့် ကိုဗစ် ၁၉ အတွက် quarantines လုပ်ဖို့ အစိုးရတွေ သတ်မှတ်ထားတဲ့ ရက်ကို ပြင်ဆင်တာ လေ ျှာ့ချတာတွေ လုပ်ဆောင်နေကြပါတယ်။ အမေရိကန်နိုင်ငံမှာလည်း ကြာသပတေးနေ့ကပဲ ကိုဗစ် ၁၉ အတွက် သီးခြားခွဲနေရတဲ့ စည်းကမ်းကို ကျန်းမာရေးလုပ်သားတွေ အတွက်ပဲ ရက်လျှော့ချသတ်မှတ်ဖို့ပြင်ဆင်ပေးခဲ့တာပါ။

XS
SM
MD
LG