သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကို ပျံသန်း မယ့် လေယာဉ်တွေ ဖောက်ခွဲဖို့ ခြိမ်းခြောက်မှု ထွက်ပေါ်


လေယာဉ်စီးခရီးသည်တွေအတွက် သတိပေးချက်များ၊ JFK လေဆိပ်၊ အမေရိကန်ပြည်ထောင်စု။
လေယာဉ်စီးခရီးသည်တွေအတွက် သတိပေးချက်များ၊ JFK လေဆိပ်၊ အမေရိကန်ပြည်ထောင်စု။
အမေရိကန်ပြည်ထောင်စုကို ပျံသန်းလာတဲ့ နိုင်ငံတကာလေယာဉ်တွေ မှာ ဖောက်ခွဲရေးပစ္စည်းတွေကို ဖိနပ်ထဲမှာထည့်ပြီး တိုက်ခိုက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိနိုင်တဲ့အကြောင့် အမေရိကန် အစိုးရက လေကြောင်းလိုင်းတွေ ကို သတိပေးလိုက်ပါတယ်။ အကြမ်းဖက်သမားတွေဟာ ပေါက်ကွဲပစ္စည်းတွေကို ရှူးဖိနပ်ထဲမှာ သယ်ဆောင်ပြီး ဂျက်လေယာဉ်တွေကို တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ခိုင်မာတယ်လို့ ယူဆရတဲ့ မကြာသေးခင်က ထောက်လှမ်းရေးသတင်းတွေ ကို အခြေခံပြီး ခုလို့ သတိပေးချက်ကို အမိမြေလုံခြုံရေးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တာပါ။

အခုလို ခရီးသည်တင် ဂျက်လေယာဉ်တွေမှာ ပေါက်ကွဲစေတဲ့ပစ္စည်းတွေ ခိုးဝှက်သယ်ဆောင်ပြီး တိုက်ခိုက်နိုင်တယ် ဆိုတဲ့ သတိပေးချက်ကို အစိုးရဘက်က သတိပေးချက်ထုတ်ပြန်တာဟာ သုံးလအတွင်း ဒုတိယအကြိမ်ပဲ ဖြစ်ပါတယ်။ ဖိနပ်၊ အရည်ပစ္စည်းတချို့နဲ့ မိတ်ကပ်ပစ္စည်းတွေကို သတိထားဖို့ အမိမြေလုံခြုံရေးဌာနက လေကြောင်းလိုင်းတွေကို သတိပေးချက် ထုတ်ပြန်ထားတဲ့အကြောင်းလည်း အမေရိကန် ထောက်လှန်းရေးသတင်းတွေက ဆိုပါတယ်။

အခုနောက်ဆုံး သတိပေးချက်နဲ့ပတ်သက်လို့ NBC ရုပ်သံသတင်းက ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ဖော်ပြခဲ့တဲ့သတင်းဟာ အစောပိုင်း ရုရှားကိုပျံသန်းတဲ့ လေယာဉ်တွေမှာ တိုက်ခိုက်မှု အန္တရာယ်တွေ ရှိတယ်ဆိုတဲ့ သတိပေးချက်နဲ့ ဆက်စပ်မှုရှိမရှိ ဆိုတာကတော့ သေချာ မသိရပါဘူး။ ဒီလအစောပိုင်းတုန်းကတော့ ရုရှားနိုင်ငံကို ပျံသန်းတဲ့ လေယာဉ်တွေမှာ သွားတိုက်ဆေးဗူးထဲ ပေါက်ကွဲပစ္စည်းတွေထည့်ပြီး တိုက်ခိုက်နိုင်တယ် အန္တရာယ် ရှိတဲ့အကြောင်း အမိမြေလုံခြုံရေးဌာနက လေကြောင်းလိုင်းတွေကို သတိပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG