သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ကို တိုက်ရိုက်ပျံသန်းတဲ့ ခရီးစဉ်တွေအပေါ် လုံခြုံရေးတင်းကျပ်


အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson
အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson

အမေရိကန်ပြည်ထောင်စုဆီ တိုက်ရိုက် လေယာဉ်ခရီးစဉ်တွေ ပျံသန်းတဲ့ နိုင်ငံခြားလေဆိပ်တချို့မှာ လုံခြုံရေးကို တိုးမြှင့်မယ်လို့ အမိမြေလုံခြုံရေးဝန်ကြီး Jeh Johnson က ပြောပါတယ်။ အမိမြေ လုံခြုံရေးဌာနက ကမ္ဘာကြီးမှာရှိနေတဲ့ အန္တရာယ်တွေကို အဆက်မပြတ် သုံးသပ်နေသလို၊ လေဆိပ်တွေ လုံခြုံရေးအတွက် ဘယ်လိုဆောင်ရွက်မှုတွေ လုပ်သင့်သလဲဆိုတာကိုလည်း ပြန်လည် သုံးသပ်နေတယ်လို့ ဝန်ကြီး Johnson က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

ဘာကြောင့် နိုင်ငံခြားလေဆိပ်တချို့ရဲ့ လုံခြုံရေးကို တင်းကျပ်ရသလဲ၊ ဘယ်လေဆိပ်တွေပါလဲ ဆိုတာကိုတော့ သူက မပြောပါဘူး။ al-Qaida အဖွဲ့ဟာ လေယာဉ်ပေါ်ကို ခိုးသယ်နိုင်မယ့် ဗုံးတွေကို တီထွင်ကောင်း တီထွင်နေနိုင်တဲ့အပေါ် စိုးရိမ်တဲ့အတွက် နိုင်ငံခြားက တချို့လေဆိပ်တွေရဲ့ လုံခြုံရေးကို တိုးမြှင့်ဖို့ အမေရိကန်က စီစဉ်နေတာဖြစ်တယ်လို့ အိုဘားမားအစိုးရ တာဝန်ရှိသူတွေက အနောက်တိုင်း သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG