သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု ယီမင်အရပ်သား အများအပြားသေဆုံး


ယီမင်အပေါ် ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု (ဒီဇင်ဘာ ၂၆-၂၀၁၇)
ယီမင်အပေါ် ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု (ဒီဇင်ဘာ ၂၆-၂၀၁၇)

ယီမင်နိုင်ငံမှာ ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် တရက်ထဲမှာတင် လူပေါင်း ၆၈ ယောက် သေဆုံးတယ်လို့ ယီမင်မှာရှိတဲ့ ကုလသမဂ္ဂ ထိပ်တန်းတာဝန်ရှိသူတဦးက ကြာသပတေးနေ့မှာ ပြောပါတယ်။

Taez ပြည်နယ်က လူစည်ကားပြီး အသွားများတဲ့ ဈေးတခုကို အင်္ဂါနေ့မှာ လေကြောင်း တိုက်ခိုက်မှုတခု ထိမှန်တာကြောင့် ကလေး ၈ ယောက်အပါအဝင် အရပ်သား ၅၄ ဦး သေဆုံးပါတယ်။ အဲဒီတရက်ထဲမှာပဲ ပင်လယ်နီက Hodeida ပြည်နယ်မှာ တိုက်ခိုက်မှုတခုကြောင့် လူ ၁၄ ယောက် သေဆုံးတယ်လို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ လုပ်ငန်း ညှိနှိုင်းရေးမှူး Jamie McGoldrick က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ဆော်ဒီဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က ယီမင်မှာ အခုတိုက်ခိုက်မှုနှစ်ခုအပါအဝင် လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း လေကြောင်းတိုက် ခိုက်မှုတွေကနေ အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။

ဆော်ဒီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့အပါအဝင် ဘက်အားလုံးဟာ လူ့အသက်ကို လုံးဝအလေးမထားဘူးဆိုတာ ဒီဖြစ်ရပ်တွေက သက်သေပြနေပါတယ်၊ တိုင်းပြည်ပျက်စီးပြီး တိုင်းတာလို့မရတဲ့ ဘေးဒုက္ခတွေကိုပဲ လူထုက ခံစားရတဲ့ ဒီ အဓိပ္ပါယ်မဲ့စစ်ပွဲမှာ နှစ်ဘက်စလုံးရဲ့ အကျိုးမဲ့တိုက်ခိုက်မှုကြောင့် လူထုဟာ အပြစ်ပေးခံရသလိုဖြစ်နေတယ်ဆိုတာ ဆက်ပြီး သက်သေပြနေပါတယ် လို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆော်ဒီ လေကြောင်းတိုက်ခိုက်မှု ယီမင်အရပ်သား အများအပြားသေဆုံး
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG