သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်က အယ်လ်ကိုင်းဒါး တတိယ အဆင့်မြင့်ခေါင်းဆောင် သေဆုံး

မူစတာဖာ အဘူ အယ်လ်-ယာဇစ်ဒ်
မူစတာဖာ အဘူ အယ်လ်-ယာဇစ်ဒ်

အယ်လ်ကိုင်းဒါးအဖွဲ့က သူတို့ရဲ့ တတိယ အဆင့်အမြင့်ဆုံး ခေါင်းဆောင် ပါကစ္စတန်နိုင်ငံမှာ အသတ်ခံလိုက်ရပြီလို့ ပြောတာကြောင့် ဒါဟာ အကြမ်းဖက် ကွန်ယက်အဖွဲ့အတွက် ထိခိုက်မှုကြီးတခု ဖြစ်ဖွယ် ရှိပါတယ်။

မူစတာဖာ အဘူ အယ်လ်-ယာဇစ်ဒ် (Mustafa Abu al-Yazid) သေဆုံးသွားပြီ ဆိုတာကို အယ်လ်ကိုင်းဒါးအဖွဲ့က အင်တာနက်ပေါ်မှာ ကြေညာ ခဲ့ပါတယ်။

ယာဇစ်ဒ်ဟာ သူ့ရဲ့ မိသားစုဝင်တွေနဲ့အတူ ပြီးခဲ့တဲ့လအတွင်းက မြောက်ပိုင်း ဝါဇီရစ္စတန်မှာ အမေရိကန် မောင်းသူမဲ့လေယာဉ်ရဲ့ တိုက်ခိုက်မှုနဲ့ သေဆုံးသွားတာလို့ ပါကစ္စတန် တာဝန်ရှိသူတွေက ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။ ယာဇစ်ဒ် သေဆုံးတယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန် တိကျဖွယ်ရှိပြီး သူသေဆုံးသွားတာဟာ အကြမ်းဖက်မှု နှိမ်နင်းရေးမှာ အောင်မြင်မှုကြီးတရပ် ဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

ရှိတ်ခ် အယ်လ်-မာစ်ရီ (Sheik al-Masri) လို့လည်း သိကြတဲ့ အီဂျစ်နိုင်ငံဖွား ယာဇစ်ဒ်ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို တည်ထောင်သူတဦး ဖြစ်ပြီးတော့ အဖွဲ့ရဲ့ခေါင်းဆောင် အိုဆာမာ ဘင်လာဒင် (Osama bin Laden) နဲ့ အဓိက ဆက်သွယ်သူ ဖြစ်တယ်လို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။

ယာဇစ်ဒ်ဟာ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်တို့က အယ်လ်ကိုင်းဒါး ကွန်ယက်ကို ဦးဆောင်နေသူဖြစ်ပြီး ဘဏ္ဍာရေးကိစ္စကနေ လှုပ်ရှားမှုတွေအထိ တာဝန်ယူ ဆောင်ရွက်ရသူ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG