သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် အိုင်မန် အယ်လ်ဇာဝါရီကို ရွေး


အယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် အိုင်မန် အယ်လ်ဇာဝါရီကို ရွေး
အယ်လ်ခိုင်းဒါး ခေါင်းဆောင်အဖြစ် အိုင်မန် အယ်လ်ဇာဝါရီကို ရွေး

အိုစမာ ဘင်လာဒင် (Osama Bin Laden) နေရာကို ဆက်ခံဖို့အတွက် အီဂျစ်နိုင်ငံဖွား အိုင်မန် အယ်လ်ဇာဝါရီ (Ayman al-Zawahri) ကို ရွေးချယ်လိုက်ပြီလို့ အယ်လ်ခိုင်းဒါးအဖွဲ့က ဆိုပါတယ်။

ဒီအကြမ်းဖက်အဖွဲ့ရဲ့ ခေါင်းဆောင်သစ် ကြေညာချက်ကို အယ်လ်ခိုင်းဒါးအဖွဲ့က အစ္စလာမ် အင်တာနက် စာမျက်နှာတခုမှာ တင်လိုက်တာ ဖြစ်ပါတယ်။

ဒီအဖွဲ့က အမေရိကန်နိုင်ငံနဲ့ အစ္စရေးနိုင်ငံတွေဟာ အစ္စလာမ်ဘာသာကို ကျူးကျော် ဖျက်ဆီးသူတွေ ဖြစ်တယ်လို့ သုံးနှုန်းလိုက်ပြီး ဒီနိုင်ငံတွေကို ချက်ချင်းပဲ ဘာသာရေးစစ်ပွဲ၊ မြင့်မြတ်တဲ့ စစ်ပွဲတွေ ဆင်နွှဲသွားမယ်လို့ ကတိပြုလိုက်ကြပါတယ်။

အယ်လ်ခိုင်းဒါး အဖွဲ့ကပဲ အစ္စလာမ်ပိုင်နက် နယ်မြေထဲမှာ ကျူးကျော် ဝင်ရောက်နေတဲ့ ဒီတပ်တွေ မထွက်ခွာသ၍ တိုက်ပွဲ ဆက်ဝင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။

နောက်အပတ်မှာ အသက် ၆၀ ပြည့်မယ့် ခွဲစိတ်ဆရာဝန် ဇာဝါရီဟာ အချိန်ကြာမြင့်စွာ ဘင်လာဒင်ရဲ့ လက်ထောက် လုပ်လာသူ ဖြစ်ပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင် နှံ့စပ်သူတွေကတော့ ဇာဝါရီဟာ အယ်လ်ခိုင်းဒါးရဲ့ အဓိက မဟာဗျူဟာကျကျ စဉ်းစားနိုင်သူနဲ့ စစ်ဆင်ရေး စီမံသူ ဖြစ်တယ်လို့ ယူဆကြပါတယ်။

ပညာတတ် အလယ်အလတ် လူတန်းစာအလွှာက လာတဲ့ ဇာဝါရီဟာ ဆယ်ကျော်သက်အရွယ် ကတည်းက အစ္စလာမ်ဘာသာ အစွန်းရောက်သူ ဖြစ်လာခဲ့ပြီး လက်ရှိ ပါကစ္စတန်၊ အာဖဂန်နစ္စတန် နယ်စပ်နားက တောင်ထူထပ်တဲ့ နေရာမှာ အခြေစိုက် နေထိုင်နေတယ်လို့ ယုံကြည်ထားကြပါတယ်။

အမေရိကန် အကြမ်းဖက် တိုက်ဖျက်ရေး အရာရှိ ဂျွန် ဘရန်နန် (John Brennan) ကတော့ ဒီခေါင်းဆောင်သစ်ကိုလည်း ထပ်ရဖို့ အမေရိကန် အနေနဲ့ လိုက်ရှာနေတယ်လို့ ဒီတပတ်ထဲမှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG