သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ ကျဆုံးတော့မည်

သမ္မတ အိုဘားမား ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းတွင် အာဖဂန်နစ္စတန်မှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို နှုတ်ဆက်နေစဉ်။ မေ ၆၊ ၂၀၁၁။
သမ္မတ အိုဘားမား ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းတွင် အာဖဂန်နစ္စတန်မှ ပြန်လည်ရောက်ရှိလာသည့် တပ်ဖွဲ့ဝင်များကို နှုတ်ဆက်နေစဉ်။ မေ ၆၊ ၂၀၁၁။

အမေရိကန် ပြည်ထောင်စုက အိုစမာ ဘင်လာဒင် (Osama Bin Laden) ကို အသေဖမ်းမိနိုင်ခဲ့တာဟာ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ခေါင်းကို ဖြတ်ပစ်လိုက်တာ ဖြစ်တဲ့အတွက် နောက်ဆုံးမှာ အကြမ်းဖက်အဖွဲ့ ကျဆုံးရမယ်လို့ သမ္မတ အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။

ထူးချွန်ထက်မြက်မှုနဲ့ သတ္တိရှိတဲ့ အမေရိကန်တွေရဲ့ စွမ်းဆောင်ချက်ကြောင့် စက်တင်ဘာ ၁၁ ရက်နေ့က အမေရိကန် ပြည်ထောင်စုကို အကြမ်းဖက် တိုက်ခိုက်ရေးမှာ ဦးဆောင်ခဲ့သူဟာ နောက်ထပ် အမေရိကန် ပြည်ထောင်စုကို အန္တရာယ် မပေးနိုင်တော့ဘူးလို့ သမ္မတ အိုဘားမားက ဆိုပါတယ်။

အမေရိကန် ပြည်ထောင်စု၊ ကင်န်တပ်ကီပြည်နယ်၊ ဖို့တ် ကမ်းပ်ဘဲလ် (Fort Campbell) တပ်စခန်းကို သမ္မတ အိုဘားမား သောကြာနေ့က သွားရောက်ခဲ့ပြီး အမေရိကန်ရေတပ် Navy SEAL အထူးတပ်ဖွဲ့ကို သီးသန့် တွေ့ဆုံခဲ့စဉ်မှာ သမ္မတ အိုဘားမားက အခုလို ပြောဆိုလိုက်တာပါ။ ဒု-သမ္မတ ဂျိုးဘိုင်ဒင် (Joe Biden) ကလည်း အဲဒီ ကွန်မန်ဒို အထူးတပ်ဖွဲ့ကို တွေ့ဆုံခဲ့ပါတယ်။

ဖို့တ် ကမ်းပ်ဘဲလ် တပ်စခန်းမှာ အာဖဂန်နစ္စတန်က မကြာခင်က ပြန်ရောက်လာတဲ့ ရာနဲ့ချီတဲ့ စစ်သည်တွေကို သမ္မတ အိုဘားမားက မိန့်ခွန်းပြောဆိုခဲ့ပါတယ်။ သူတို့တတွေရဲ့ တာဝန်ဝတ္တရား ကျေပွန်မှုကို ချီးကျူးလိုက်ပြီး အယ်လ်ခိုင်းဒါးအဖွဲ့ကို နှိမ်နင်းတဲ့ စစ်ဆင်ရေး တိုးတက်မှု ရှိလာတယ် ဆိုတာကို လက်တွေ့ ပြနိုင်ခဲ့ကြတယ် လို့လည်း ပြောပါတယ်။

Navy SEAL တွေဟာ အမေရိကန်ရေတပ်က ပင်လယ်တွင်းမှာရော လေကြောင်းနဲ့ မြေပြင်မှာပါ တဘက်ကမ်းခတ် ကျွမ်းကျင်အောင် လေ့ကျင့်ပေးထားတဲ့ အထူးတပ်ဖွဲ့ ဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG