သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ကိုင်းဒါး ငွေစာရင်းမှူး ပါကစ္စတန်မှာ ဖမ်းမိ


Karachi က ပါကစ္စတန် လုံခြုံရေးအဖွဲ့ဝင်မာျး။
Karachi က ပါကစ္စတန် လုံခြုံရေးအဖွဲ့ဝင်မာျး။

လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဒဏ်ခဏ်မှု စာရင်းမှာ ပါဝင်နေသူ အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ဘဏ္ဍာမှူးတဦးကို ဖမ်းဆီးမိခဲ့တယ်လို့ ပါကစ္စတန်ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။ Abdul Rehman Sindhi ကို ပါကစ္စတန်နိုင်ငံ တောင်ပိုင်း ကရာချိဆိပ်ကမ်းမြို့မှာ ကြာသပတေးနေ့က ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့ကို ဘဏ္ဍာရေးဝန်ဆောင်မှုတွေနဲ့ အကူအညီတွေပေးခဲ့တဲ့ အတွက် ၂၀၁၂ ခုနှစ်ကစပြီး ကုလသမဂ္ဂရဲ့ အရေးယူ ဒဏ်ခတ်မှု စာရင်းမှာ သူ့ကို ထည့်သွင်းထားတာပါ။

Sindhi ဟာ အယ်လ်ကိုင်းဒါးအဖွဲ့ကို ထူထောင်သူ အိုစာမာ ဘင် လာဒင်၊ ပြီးတော့ ဘင်လာဒင်နေရာ ဆက်ခံသူ Ayman al-Zawahri နဲ့ ၂၀၀၂ ခုနှစ်က အမေရိကန်သတင်းထောက် Daniel Pearl ကို ပြန်ပေးဆွဲ သတ်ဖြတ်မှုမှာ အဓိက မသင်္ကာခံရသူ Saud Memon တို့နဲ့ နီးစပ်သူတဦးအဖြစ်နဲ့လည်း ပြောကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါးအဖွဲ့ခွဲ သစ်တခု ဖွဲ့စည်းလိုက်ကြောင်း al-Zawahri ကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ်ကစလို့ - အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့တွေကို နှိမ်နင်းဖို့ နိုင်ငံတကာက ဖိအားပေးခံနေရတဲ့ ပါကစ္စတန်နိုင်ငံဟာ စစ်သွေးကြွအဖွဲ့တွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေ ပြန်လည် လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။ ပါကစ္စတန်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ပါဝင်တဲ့ ဒီဒေသမှာ မူဆလင် သန်း ၄၀၀ ကျော် နေထိုင်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG