သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာလီ တိုက်ခိုက်မှု al-Qaida လက်ချက်


မာလီနိုင်ငံ Bamako မြို့တော်မှာ ဟိုတယ်တိုက်ခိုက်မှု။ (နိုဝင်ဘာ ၂၀၊ ၂၀၁၅)
မာလီနိုင်ငံ Bamako မြို့တော်မှာ ဟိုတယ်တိုက်ခိုက်မှု။ (နိုဝင်ဘာ ၂၀၊ ၂၀၁၅)

သောကြာနေ့ မာလီနိုင်ငံ Bamako မြို့တော်မှာ အနည်းဆုံး လူပေါင်း ၂၂ ယောက် သေဆုံးခဲ့ရတဲ့ ဟိုတယ်တိုက်ခိုက်မှုကို အယ်လ်ကိုင်ဒါးအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွ အဖွဲ့ ၂ ခုက လုပ်ဆောင်တာလို့ ကြေညာခဲ့ပါတယ်။ အယ်လ်ကိုင်းဒါးနဲ့ ဆက်နွယ်နေတဲ့ အစ္စလာမ်မစ် Maghreb - AQIMနဲ့ El Moura bitoune အဖွဲ့တွေက သူတို့ဟာ Bamako က နိုင်ငံခြားသားတွေ အများဆုံး လာရောက်တဲ့ Radisson Blu ဟိုတယ်ကို ပစ်မှတ်ထားပြီး ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိ တဦးကလည်း AQIMအဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ဆောင်မယ်လို့ အဓိက သံသယရှိ ကြောင်း ပြောပါတယ်။

ပေါက်ကွဲသံတွေနဲ့ သေနတ်သံတွေ ကြိုုကြားကြိုကြား ပေါ်ထွက်လာနေချိန်မှာပဲ မာလီ အထူးတပ်ဖွဲ့ဝင်တွေက နာရီပေါင်းများစွာ တခန်းဝင်တခန်းထွက် လိုက်လံ ရှင်းလင်းခဲ့တဲ့နောက် သောကြာနေ့ ညနေစောင်းလောက်မှာ ဟိုတယ် တိုက်ခိုက်မှု ပြီးဆုံးသွားပါတယ်။

သေဆုံးသူတွေထဲမှာ လာရောက်တိုက်ခိုက်သူ အနည်းဆုံး ၃ ဦးထက်မနည်း ပါနေနိုင်တယ်လို့ မာလီ အာဏာပိုင်တွေက ပြောပါတယ်။ အဆောက်အဦး ကြမ်းပြင်တွေ ပေါ်မှာ သေဆုံးနေသူတွေကို မြင်ရတယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။ ပြည်တွင်းလုံခြုံရေး ဝန်ကြီး ဗိုလ်မှုးကြီး Salif Traore ကတော့ စစ်သားတွေ ဟိုတယ်ထဲ ရှာဖွေမှုတွေ ပြီးဆုံးသွားရင် သေဆုံးသူ စုစုပေါင်း ဘယ်နှစ်ယောက် ရှိတယ်ဆိုတာကို တရားဝင် ထုတ်ဖေါ်ပြောဆိုမှာ ဖြစ်ကြောင်း ပြောပါတယ်။

အစောပိုင်း သတင်းတွေအရ ဆိုရင် သေနတ်သမားတွေဟာ ဓါးစာခံ ၁၇၀ လောက်အထိ ဖမ်းဆီးခဲ့တာ ဖြစ်ပြီး အဲဒီထဲကမှ အမေရိကန် ၆ ယောက် အပါအဝင် လူပေါင်း ၈၀ လောက်ကို ပြန်လွှတ်ပေးခဲ့တယ် လို့ဆိုပါတယ်။ အခု ဓါးစာခံ တယောက်မှ မရှိတော့ဘူးလို့ မာလီအရာရှိတွေက ပြောခဲ့သလိုအမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနကလည်း ဒီဟော်တယ်တိုက်ခိုက်မှု ပြီးဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

XS
SM
MD
LG