သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Al-Qaida သံသယရှိသူ တရားရုံးမတင်ခင် ကွယ်လွန်


တရားရုံးမတင်ခင် ကွယ်လွန်သွားသူ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖြစ ်သံသယရှိသူ Abu Anas al-Libi
တရားရုံးမတင်ခင် ကွယ်လွန်သွားသူ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖြစ ်သံသယရှိသူ Abu Anas al-Libi

၁၉၉၈ က အာဖရိကတိုက်က အမေရိကန်သံရုံးတွေကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ သံသယရှိထားတဲ့ လစ်ဗျား အယ်လ်ကိုင်ဒါ အဖွဲ့ဝင်တစ်ဦးဟာ ခုံရုံးတက်ဖို့ ရက်ပိုင်းအလိုမှာပဲ သေဆုံးသွားခဲ့ပါတယ်။

ဒီ အယ်လ်ကိုင်ဒါအဖွဲ့ဝင် Abu Anas al-Libi ရဲ့ ရှေ့နေက Libi အနေနဲ့ နယူးယောက်မှာ လုပ်မဲ့ ခုံရုံးမတက်ခင်လေးမှာ နယူးယောက် ဆေးရုံတခုမှာ အသည်းရောင် အသားဝါ-စီပိုးနဲ့ အသည်းကင်ဆာရောဂါကြောင့် သောကြာနေ့မှာ သေဆုံးခဲ့ရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

Libi နဲ့ ဆော်ဒီလူမျိုး Khalid al-Fawwaz တို့ ၂ ဦးဟာ လူပေါင်း ၂၀၀ ကျော်သေခဲ့ရတဲ့ ကင်ညာနဲ့တန်ဇန်းနီးယား တိုက်ခိုက်မှုတွေအတွက် ရှေ့သီတင်းပတ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ခုံရုံးတက်ရမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ ၂ ဦးလုံးကတော့ ခုလိုစွပ်စွဲထားသလိုအပြစ်မရှိဘူးလို့ တောက်လျှောက် ငြင်းဆိုလာခဲ့ပါတယ်။

Libi ရဲ့ရှေ့နေ Bernard Klainman က Libi ဟာ ပြီးခဲ့တဲလကစပြီး ကျန်းမာရေး ကျဆင်းသွားတာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

Libi ကို အမေရိကန်အထူးတပ်ဖွဲ့တွေက ၂၀၁၃ ခုနှစ် အောက်တိုဘာလမှာ လစ်ဗျားမြို့တော် ထရစ်ပိုလီကနေ အမေရိကန်ကို ခေါ်လာခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG