သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အယ်လ်ခိုင်ဒါး ထိပ်တန်းခေါင်းဆောင် ပါကစ္စတန်မှာသေဆုံး


ပါကစ္စတန်နိုင်ငံမှာ အမေရိကန်က ပစ်ခတ်ခဲ့တယ်လို့ ယူဆရတဲ့ မောင်းသူမဲ့ ဒုံးလေယာဉ်တစင်းရဲ့ လက်ချက်နဲ့ အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ဒေသတွင်း သြဇာအရှိဆုံး ပုဂ္ဂိုလ်တဦးအဖြစ် ယူဆထားသူ တယောက် သေဆုံးသွားပါတယ်။ အာဖဂန်နဲ့ နယ်စပ်ချင်း ကပ်နေတဲ့ ပါကစ္စတန်ရဲ့ မြောက်ပိုင်း ဝါဇီရစ္စတန် ဒေသမှာ ကြာသပတေးနေ့ ဒါမှမဟုတ် သောကြာနေ့က အယ်လ်ခိုင်းဒါး အဖွဲ့ရဲ့ ခေါင်းဆောင် Abu Zaid အဖြစ် ထင်ရှားတဲ့ Khaled Bin Abdel Rahman al-Hussainan သေဆုံးသွားခဲ့ကြောင်း စစ်သွေးကြွ အဖွဲ့တွေရဲ့ ဝဘ်ဆိုဒ်စာမျက်နှာတွေမှာ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြတာပါ။

ဒေသခံ လူမျိုးစုတွေရဲ့ အဆိုအရ သူဟာ မကြာသေးခင် ရက်တွေကမှ ပုန်းအောင်းနေတဲ့ နေရာကို ရွှေ့ပြောင်းခဲ့တာလို့ ဆိုပါတယ်။ ပါကစ္စတန် အစိုးရကတော့ အမေရိကန်ရဲ့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ချိုးဖောက်ရာ ရောက်တယ်ဆိုပြီး ထပ်တလဲလဲ ဝေဖန် ထားတာပါ။ ကြာသပတေးနေ့မှာတုန်းက အမေရိကန် သံအမတ်ကြီး Richard Olson နဲ့ တွေ့ဆုံချိန်မှာလည်း တိုက်ခိုက်မှုတွေဟာ နောက်ဆက်တွဲ ဆိုးကျိုးတွေသာ ဖန်တီးနေတာမို့ အကြမ်းဖက် သမားတွေကို ချေမှုန်းရာမှာ တခြားနည်းလမ်းကို အသုံးပြုသင့်တယ်လို့ ပါကစ္စတန် ဝန်ကြီးချုပ် Raja Pervez Ashraf က ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရကတော့ မောင်းသူမဲ့ လေယာဉ်တွေနဲ့ တိုက်ခိုက်မှုဟာ စစ်သွေးကြွတွေကို ချေမှုန်းရာမှာ အရေးပါတယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
XS
SM
MD
LG