သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

al-Shabab အစ္စလာမ်မစ်လက်ချက် ကင်ညာမူဆလင် ၃၀ ခန့်သေဆုံး


ကင်ညာနိုင်ငံမြေပုံ
ကင်ညာနိုင်ငံမြေပုံ

ကင်ညာနိုင်ငံမြောက်ပိုင်းမှာ al-Shabab စစ်သွေးကြွ သေနတ်သမားတွေက ဘတ်စ်ကားတစ်စင်းကို ခြုံခိုတိုက်ခိုက်ခဲ့တာမှာ ကားပေါ်ပါလာသူ အယောက် ၆၀ ထဲက မွတ်ဆလင်မဟုတ်သူ ၂၈ ယောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ရဲက ပြောပါတယ်။

Somalia နိုင်ငံနဲ့ နယ်စပ် Mandera မြို့ကနေ ၃၁ မိုင်လောက်ဝေးတဲ့နေရာမှာ Bus ကားကို ဖမ်းဆီးတိုက်ခိုက်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ Mombasa မြို့က ဗလီတွေအပေါ် လုံခြုံရေးတပ်တွေက လတ်တလောက် စီးနင်းတိုက်ခိုက်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ခုလို တိုက်ခိုက်ခဲ့တာလို့ Somalia နိုင်ငံက al-Shabab စစ်သွေးကြွတွေက ပြောကြားခဲ့ပါတယ်။

al-Qaida အဖွဲ့နဲ့ ဆက်စပ်နေတဲ့ al-Shabab စစ်သွေးကြွတွေကို နှိမ်နှင်းဖို့ Kenya နိုင်ငံက Somalia နိုင်ငံကို စစ်သားတွေ စေလွှတ်ခဲ့တဲ့ ၂၀၁၁ ခုနှစ်ကတည်းက Kenya မှာ ပစ်ခတ် ဗုံးခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ al- Shabab အဖွဲ့ သူပုန်ထမှုကို နှိမ်နှင်းနေရတဲ့ အင်အား မခိုင်မာတဲ့ Somalia အစိုးရကို ကူညီပေးဖို့ Africa သမဂ္ဂတပ်ဖွဲ့တွေနဲ့အတူ Kenya တပ်တွေ Somalia နိုင်ငံထဲမှာ ရောက်ရှိနေကြတာဖြစ်ပါတယ်။

XS
SM
MD
LG