သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုယ်ဝန်ဖျက်ချမှုတားမြစ်ဥပဒေ Alabama ပြည်နယ်အုပ်ချုပ်ရေးမှူး အတည်ပြု


 Alabama အုပ်ချုပ်ရေးမှူး Kay Ivey ကိုယ်ဝန်ဖျက်ချမှု တားမြစ်ရေး ဥပဒေကြမ်း လက်မှတ်ထိုး အတည်ပြုစဉ်။ (မေ ၁၅၊ ၂၀၁၉)
Alabama အုပ်ချုပ်ရေးမှူး Kay Ivey ကိုယ်ဝန်ဖျက်ချမှု တားမြစ်ရေး ဥပဒေကြမ်း လက်မှတ်ထိုး အတည်ပြုစဉ်။ (မေ ၁၅၊ ၂၀၁၉)

အမေရိကန်ပြည်ထောင်စု Missouri ပြည်နယ်မှာ ကိုယ်ဝန်သက်တမ်း သီတင်း ၈ ပတ်ကျော်ရင် ကိုယ်ဝန်ဖျက်ချခွင့် တားမြစ်တဲ့ ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

Republican အမတ်တွေအများစုလွှမ်းမိုးထားတဲ့ ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေကြမ်းအရ ကျန်မာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ဆိုရင် ခြွင်းချက်နဲ့ကိုယ်ဝန်ဖျက်ချခွင့်ပြုပေမဲ့ ဆွေမျိုးသားချင်းတွေကြောင့် ကိုယ်ဝန်ရသူတွေ၊ မုဒိမ်းကျင့်ခံရသူတွေကိုတော့ ကိုယ်ဝန်ဖျက်ချခွင့် မပေးပါဘူး။ ဒီဥပဒေကြမ်းကို အောက်လွှတ်တော်က အတည်ပြုဖို့တော့ လိုပါသေးတယ်။

အမေရိကန်မှာ အတင်းကြပ်ဆုံး ကိုယ်ဝန်ဖျက်ချမှုဥပဒေကို Alabama ပြည်နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး အတည်ပြုလိုက်ပြီး နာရီပိုင်းအကြာမှာပဲ Missouri အထက်လွှတ်တော်မှာလည်း ဥပဒေကြမ်ကြမ်းကို အတည်ပြုခဲ့တာပါ။ ကိုယ်ဝန်သည် မိခင်ရဲ့ ကျန်းမာရေးစိုးရိမ်ရလို့ ဖျက်ချတာကလွဲလို့ ကိုယ်ဝန် ဖျက်ချတာကို တားမြစ်တဲ့ Alabama ပြည်နယ်ဥပဒေအရ ကိုယ်ဝန်ဖျက်ချပေးသူအနေနဲ့ ထောင်ဒဏ် ၉၉ နှစ် ဒါမှမဟုတ် ထောင်ဒဏ် တသက် အထိ ချခံရမှာဖြစ်သလို ကိုယ်ဝန်ဖျက်ချဖို့ကြိုးစားတဲ့ ကိုယ်ဝန်ဆောင်တွေလည်း ပြစ်ဒဏ်ချခံရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဖျက်ချတာကို မပိတ်ပင်ချင်သူတွေဘက်ကတော့ ဒါဟာအမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အခွင့်အရေးကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြပြောနေပြီး ဥပဒေကြောင်းကနေ စိန်ခေါ်မယ်လို့ ပြောနေကြပါတယ်။

အမေရိကန်က Republican အများစုလွှမ်းမိုးထားတဲ့ ပြည်နယ် ၁၀ ခုထက်မနည်းမှာ ကိုယ်ဝန်ဖျက်ချမှုတားဆီးတဲ့ ဥပဒေကြမ်းတွေကို အတည်ပြုထား ပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချခွင့်ဥပဒေကို အမေရိကန်တရားရုံးချုပ်က ပြင်ဆင်ပြဌာန်းဖို့ ကြိုးစားနေကြတယ်လို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

ကိုယ်ဝန်ဖျက်ချမှုတားမြစ်ဥပဒေ Alabama ပြည်နယ်အုပ်ချုပ်ရေးမှူး အတည်ပြု
please wait

No media source currently available

0:00 0:00:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG