သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်အရက်ကြောင့် အင်ဒိုနီးရှားမှာ လူ အနည်းဆုံး ၉၀သေဆုံး


 အင်ဒိုနီးရှားမှာ တရားမဝင်အရက်များကို ဖျက်ဆီးနေစဉ်
အင်ဒိုနီးရှားမှာ တရားမဝင်အရက်များကို ဖျက်ဆီးနေစဉ်

အင်ဒိုနီးရှားနိုင်ငံမှာ တရားမဝင် ချက်အရက်ကြောင့် လူ ၉၀ ထက်မနည်း သေဆုံးခဲ့ရတဲ့နောက် ဂျာကာတာမြို့တော်နဲ့ အနောက်ဂျာဗား ခရိုင်မြို့တော် Bandung တဝိုက်မှာ အင်္ဂါနေ့မှာ အရေးပေါ်အခြေနေ ထုတ်ပြန်လိုက်ပါတယ်။ သေဆုံးသူဦးရေ တိုးလာနိုင်တယ်လို့လည်း ရဲတွေက သတိပေးထားပါတယ်။

တချိန်ထဲမှာပဲ ကမ္ဘာမှာ မူစလင်အများစု နေထိုင်ရာနိုင်ငံကြီးဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တွေမှာ ချက်အရက် ရောင်းနေသူတွေကို ရဲတွေက လိုက်လံရှာဖွေ ဖမ်းဆီးနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ အများစုဟာ အယူဝါဒ သိပ်မပြင်းထန်ရဲ့ အစ္စလာမ်ဘာသာဝင်တွေဖြစ်ကြပြီး မြို့ကြီးတွေမှာတော့ အရက်ရောင်းချခွင့် ရှိပါတယ်။ ဒါပေမယ့် အခွန်အခသိပ်များတာမို့ ဈေးသိပ်ကြီးတဲ့အတွက် လက်လုပ်လက်စားတွေကတော့ ဈေးသက်သာပြီး အန္တရာယ်ကြီးတဲ့ အိမ်ချက်အရက်တွေ သောက်သုံးကြတာပါ။

၂၀၁၆ ခုနှစ်တုန်းက ဂျာဗားအလယ်ပိုင်းဒေသမှာ ချက်အရက်ကြောင့် သေဆုံးရသူ ၃၆ ဦးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်း ၂ ပတ် ကျော် အတွင်းမှာပဲ ဂျာကာတာ၊ ဂျာဗားခရိုင်အနောက်ပိုင်းနဲ့ အရှေ့စွန်က Papua ခရိုင်တွေမှာ သေဆုံးရသူ ၉၀ ကျော်နေပြီဖြစ်ပြီး ချက်အရက်သောက်ပြီး ဆိုးဆိုးဝါးဝါးအခြေနေနဲ့ ဆေးရုံရောက်နေသူက ဒါဇင်နဲ့ချီရှိနေတယ်လို့ အာဏာပိုင်တွေက အင်္ဂါနေ့မှာ ပြောပတယ်။

အင်္ဂါနေ့မှာ လူ ၉ ဦးထက်မနဲကို ဖမ်းဆီးခဲ့ပြီး ချက်အရက် ခိုးရောင်းသူတွေနဲ့ သူတို့ကို အဓိက ဖြန့်ဖြူးပေးနေသူတွေကို အာဏာပိုင်တွေက လိုက်လံရှာဖွေနေဆဲ ဖြစ်ပါတယ်။ တချို့က သူတို့ချက်တဲ့အရက်ထဲ အရက်အစစ်တွေနဲ့ ချောင်းဆိုးပျောက်ဆေးတွေ ခြင်သတ်ဆေးတွေကို ရောထားတတ်ကြ သလို တချို့ကတော့ အရက်အစစ်ထဲမှာ ကိုကာကိုလာနဲ့ အားဖြည့်အချိုရည်တွေကို ရောတတ်ကြတယ်လို့လည်း တယ်လို့ ရဲက ပြောပါတယ်။

ဘန်ဒေါင်းမှာ သေဆုံးသူဆက်တိုက်တွေ့လာရတဲ့နောက် အင်္ဂါနေ့မှာ အရေးပေါ်အခြေနေ ကြေညာခဲ့တာပါ။ ၂၀၁၅ ခုနှစ်က အင်ဒိုနီးရှားမှာ ကုန်စုံဆိုင်တွေနဲ့ ဘာလီမြို့ပြင်က ဆိုင်သေးလေးတွေမှာ အရက်ရောင်းချမှု တားမြစ်ခဲ့ပေမယ့် နိုင်ငံတဝှမ်းက စူပါမားကက်ကြီးတွေ၊ ဘားဆိုင်တွေနဲ့ ဟော်တယ်တွေမှာတော့ ဝယ်ယူလို့ရနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG