သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Aleppo ဆေးရုံ ၂ ခု လေကြောင်းတိုက်ခိုက်ခံရ


Aleppo ဆေးရုံ ၂ ရုံ လေကြောင်းတိုက်ခိုက်ခံရ
Aleppo ဆေးရုံ ၂ ရုံ လေကြောင်းတိုက်ခိုက်ခံရ

ဆီးရီးယားနိုင်ငံ Aleppo မြို့ အရှေ့ပိုင်းက အကြီးဆုံးဆေးရုံ ၂ ခု ဒီကနေ့ မနက်အစောပိုင်းက လေကြောင်းကနေ တိုက်ခိုက်ခံခဲ့ရပါတယ်။

ထိခိုက်ပျက်စီးမှုတွေကြောင့် ဆေးရုံနှစ်ခုစလုံးက လုပ်ငန်းတွေကို ယာယီ ရပ်ပစ်ခဲ့ရပြီး ငါးနှစ်ကျော်ကြာ စစ်ပွဲတွေရဲ့ဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရတဲ့ မြို့အတွင်းမှာ ဆေးဝါး ပြုစုစောင့်ရှောက်မှုတွေကို ပိုပြီးတော့ အကန့်အသတ် ဖြစ်သွားစေပါတယ်။

M2 နဲ့ M10 ဆေးရုံတွေဟာ သမ္မတ ဘက်ရှာအယ်လ်အာဆတ်အစိုးရကို ဆန့်ကျင်တဲ့ သူပုန်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ဘက်ခြမ်းမှာ ရှိပါတယ်။ Aleppo မြို့ကို သူပုန်တွေ လက်ထဲကနေ ပြန်လည်သိမ်းယူနိုင်ဖို့ နောက်ထပ် ထိုးစစ်ဆင်မှုတွေ လုပ်သွားမယ်လို့ ဆီးရီးယားအစိုးရက ဒီသီတင်းပတ်ထဲမှာပဲ ကြေညာထားတာပါ။ တိုက်ခိုက်မှုတွေ ရပ်စဲပြီး Aleppo မြို့နဲ့ တခြားဒေသတွေကို အစားအစာနဲ့ ဆေးဝါးအကူအညီတွေ ဖြန့်ဝေပေးနိုင်ဖို့ ရည်ရွယ်တဲ့ နောက်ဆုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြယ်သွားခဲ့ပြီးတဲ့နောက် အခုလို ထိုးစစ်ဆင်မှုတွေ ဖြစ်လာတာပါ။

အကူအညီတွေ အနည်းငယ်သာ ဖြန့်ဝေပေးနိုင်ခဲ့တာရှိပြီး Aleppo မြို့ကို ဦးတည်သွားနေတဲ့ အကူအညီပေးရေး ယာဉ်တန်းဟာလည်း လေကြောင်း တိုက်ခိုက်တာ ခံခဲ့ရပါတယ်။ ဒီကနေ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ တမင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ ဆီးရီးယား-အမေရိကန် ဆေးဘက်ဆိုင်ရာအဖွဲ့ က Adham Sahloul က ပြောပါတယ်။

အခုဆိုရင် လူနာ သုံးသိန်းခွဲကို ကုသဖို့ Aleppo မြို့အရှေ့ခြမ်းမှာ ဆရာဝန် ၂၉ ယောက်ပဲ ရှိတော့တယ်လို့ သူက ပြောပါတယ်။ အခုတိုက်ခိုက်မှုကို ဘယ်သူက လုပ်ဆောင်တာ လည်း ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရပ်သား ထိခိုက်သေကြေမှုတွေရှိတဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ဆီးရီးယားအစိုးရ၊ သူ့ရဲ့မဟာမိတ် ရုရှား နဲ့ အမေရိကန်ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့တွေကြား အပြန်အလှန် လက်ညှိုးထိုး စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG